ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ ဖာဘရီဂတ်စ်

ချယ်လ်ဆီးမှ စပိန်ကွင်းလယ်လူ ဖာဘရီဂတ်စ်သည် ပရီးမီးယားလိဂ်တွင် ဂိုးဖန်တီးမှုအကြိမ်(၁၀၀)ပြည့်မြောက် သည့် အမြန်ဆုံးကစားသမားအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်တင်နိုင်ခဲ့သည်။

ဖာဘရီဂတ်စ်သည် မန်ယူ ကစားသမားဟောင်းရိုင်ယန်ဂစ် ထက် ၇၄ ပွဲစော၍ ယင်းစံချိန် တင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ က တစ် ကြိမ် စံချိန်တင်ပြီးနောက် ၎င်း၏ ယခုဒုတိယမြောက်ကမ္ဘာ့စံချိန် ဖြစ်သည်။ ဖာဘရီဂတ်စ် (၃၁ နှစ်)က ယင်းကဲ့သို့ ပရီးမီးယားလိဂ်အတွက် ကမ္ဘာ့စံချိန်တင်ခဲ့ပြီး ‘‘ကျွန်တော်ဟာ အမြန်ဆုံး၊ အားအကောင်းဆုံး ကစားသမား မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီအောင်မြင်မှုစံချိန်ဟာ ကျွန်တော့်အလုပ်မှာ ဂုဏ်အယူရဆုံးအရာတွေထဲက တစ်ခု ဖြစ်ပါတယ်’’ ဟု ပြောသည်။

ဖာဘရီဂတ်စ်သည် ယခင်ကလည်း ဘောလုံးကိုဝိုက်ကန်၍ ပေးပို့ခြင်း အကြိမ်အရေအတွက်ဖြင့် ကမ္ဘာ့စံချိန် တင်ထားသည်။

၂၀၁၉ ဂင်းနစ်ကမ္ဘာ့စံချိန် စာအုပ်တွင် စံချိန်တင်ခဲ့သော အခြားကစားသမားများသည် ဆာလက်(ပရီးမီးယားလိဂ် တစ်ရာသီတည်းအများဆုံး ၃၂ ဂိုး)၊ တစ်နှစ်တာအတွင်း ပရီးမီးယားလိဂ် သွင်းဂိုးအများဆုံးသွင်းယူသော ဟယ်ရီကိန်း တို့ပါဝင်နေသည်။ မန်စီးတီး လည်း ရမှတ်အများဆုံး၊ ဂိုးအများဆုံး၊ နိုင်ပွဲဆက်အများဆုံး စံချိန်များတင်ခဲ့သည်။

ဖာဘရီဂတ်စ်က ဘားကမ့်၊ အွန်နရီ၊ ဗီအဲရာတို့ကဲ့သော ကစားသမားများနှင့် အာဆင်နယ်တွင် တွဲကစားခဲ့ရခြင်း သည် မိမိ အလွန်ကံကောင်းသည်ဟု ပြော သည်။

-Ref: DailyMail