ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး မြစ်ကြီးနားမြို့ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်ဆရာတော်နှင့် ဆရာတော်သံဃာတော်များအား ဖူးမျှော်ကြည်ညို

 

မြစ်ကြီးနား၊ အောက်တိုဘာ ၁၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် အဖွဲ့ဝင်များသည် ယနေ့ ညနေ ၆ နာရီအချိန်တွင် မြစ်ကြီးနားမြို့ရှိ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်သို့ ရောက်ရှိကြပြီး ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကေတုမာလာ အမှူးရှိသော ဆရာတော် သံဃာတော်များအား ဖူးမျှော်ကြည်ညိုကန်တော့ကြပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ရှေ့ဦးစွာ ပါတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် နမောတဿသုံးကြိမ်းရွတ်ဆိုပူဇော်ပြီး အခမ်းအနားကိုဖွင့်လှစ်ကာ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူခဲ့ကြသည်။ ထို့နောက် ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္တု ပစ္စည်းများဆက်ကပ်လှူဒါန်ပြီးရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

ထိုကဲ့သို့ သွားရောက်ဖူးမျှော်ရာသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း ပါတီဗဟိုအလုပ်အမှူဆောင် ဦးဝဏ္ဏမောင်လွင်၊ ကချင်ပြည်နယ်တာဝန်ခံ ဒေါက်တာအောင်မြတ်ဦး၊ ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးရာဝမ်ဂျုံးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပါတီကော်မတီဝင်များလိုက်ပါဖူးမျှော်ကြည်ညိုခဲ့ကြသည်။