ကောလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကျင်းပ

 

ကောလင်း အောက်တိုဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကောလင်းမြို့နယ်ပြည်ခိုင် ဖြိုးပါတီဗဟိုအမျိုးသမီး ညီလာခံ အကြိုနှီးနှောဖလှယ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်ပါတီရုံး၌ ကျင်းပခဲ့ သည်။

အခမ်းအနားကို အပိုင်းသုံး ပိုင်းခွဲ၍ ကျင်းပရာတွင် နိုင်ငံတော် အလံအလေးပြုခြင်းနှင့် နိုင်ငံတော် သီချင်း သံပြိုင်သီဆိုကာ ဖွင့်လှစ် ခဲ့ပြီး အခမ်းအနား ပထမပိုင်းတွင် ကသာခရိုင်ပါတီဥက္ကဋ္ဌ ဦးထွန်း အောင်ဝင်းက နှုတ်ခွန်းဆက်အမှာ စကားပြောကြားကာ မြို့နယ်ပါတီ ကော်မတီဝင်ဒေါ်ဝင်းမေက ဗဟို အမျိုးသမီးညီလာခံ အကြိုနှီးနှော ဖလှယ်ပွဲကျင်းပမည့်အစီအစဉ်များ အား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အခမ်းအနား ဒုတိယပိုင်းတွင် ရပ်ကွက်/ကျေး ရွာအုပ်စုများအလိုက် အစုအဖွဲ့လေး ဖွဲ့ဖွဲ့စည်းကာ အမျိုးသမီးများနှင့် မြန်မာ့နိုင်ငံရေးအခန်းကဏ္ဍ မြှင့် တင်ရေး၊ အမျိုးသမီးများ၏ဘဝ လုံခြုံမှု၊ ငြိမ်းချမ်းသာယာမှုနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးထုအတွင်း အမျိုးဂုဏ် ဇာတိဂုဏ်ထိန်းသိမ်းရေး၊ အမျိုး သမီးများ၏ အခွင့်အရေးများကို ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံနှင့် အညီ အကောင်အထည်ဖော်ဆောင် ရွက်ရေး၊ အမျိုးသမီးပါတီဝင်သစ် များစုဆောင်းရေးနှင့် ၂ဝ၂ဝ ရွေး ကောက်ပွဲအောင်နိုင်ရေးအတွက် ပါတီဝင်အမျိုးသမီးများအား စဉ် ဆက်မပြတ် လေ့ကျင့်ပျိုးထောင် ပေးရေးစာတမ်းများ ဆွေးနွေးပြုစု ၍ အခမ်းအနားတတိယပိုင်းတွင် ဆွေးနွေးချက်များကို သဘာပတိ ကြီးက မှတ်တမ်းတင်ခြင်း၊ ဆုံး ဖြတ်ခြင်း၊ အတည်ပြုခြင်းတို့ကို အစည်းအဝေး၏ သဘောတူညီ ချက် ရယူဆောင်ရွက်ပေးခဲ့ပြီး ကောလင်းမြို့နယ် ပါတီဥက္ကဋ္ဌ ဦးအောင်သန်းဦးက အခမ်းအနား နိဂုံးချုပ်အမှာစကားပြောကြားကာ ‘ပြည်ခိုင်ဖြိုးဟေ့’သီချင်းဖြင့် သံ ပြိုင်သီဆို၍ အခမ်းအနားပြီးဆုံး ခဲ့သည်။

အဆိုပါအခမ်းအနားသို့ စစ် ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါ တီကော်မတီဝင် ဦးအောင်ကျော်စံ၊ ကသာခရိုင်ပါတီဥက္ကဋ္ဌ ဦးထွန်း အောင်ဝင်းနှင့် ခရိုင်ပါတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်သန်း ဦးနှင့် မြို့နယ်ကော်မတီဝင်များနှင့် မြို့နယ်အမျိုးသမီးရေးရာ ကိုယ်စား လှယ် ၈၃ ဦးစုစုပေါင်း အင်အား ၁၁ဝ တက်ရောက်ခဲ့ကြောင်း သိရ သည်။

စိုင်းလူမင်း