ရှားတောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှကြီးမှူး၍နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

 

ရှားတောမြို့၊ နိုဝင်ဘာ ၂၈

ယမန်နေ့ ၂၈-၁၁-၂၀၁၈ရက်နေ့ နံနက် (၉း၃၀)နာရီ အချိန်တွင် ရှားတောမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှကြီးမှူး၍ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား)သင်တန်း အမှတ်စဉ်(၁) ဖွင့်ပွဲ အခမ်းအနားအား ရှားတောမြို့နယ်၊ ပြည်ခိုင်ဖြိုးရုံး တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ပထမဦးစွာ အခမ်းအနားကို နိုင်ငံတော်အလံအား အလေးပြုပြီး နိုင်ငံတော်သီချင်းဖြင့် သီဆိုဖွင့်လှစ် ပါသည်။

ယင်းနောက် ကယားပြည်နယ်ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ်ကော်မတီဝင် (ရှားတောမြို့နယ်တာဝန်ခံ) ဦးရဲဝင်းမှ အဖွင့်အမှာစကားပြောကြားရာတွင် ရှားတောမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေး စီမံခန့်ခွဲမှု (ဆင့်ပွား)သင်တန်းဖွင့်လှစ်ရ ခြင်းမှာ ပါတီကြီးအနေဖြင့် ရေရှည်အကျိုးကိုမျှော်ပြီး အရည်အချင်းပြည့်ဝသော မျိုးဆက်သစ်လူငယ်များ အား စဉ်ဆက်မပြတ် မွေးထုတ်နေခြင်းဖြစ်ပါသည်။ သင်တန်းသူ/ သင်တန်း သားများ၏ ပါတီရည်ရွယ် ချက်၊ ရည်မှန်းချက်များကို သင်တန်းမှ ပို့ချသည့် သင်ခန်းစာများဖြင့် လက်တွေ့ နယ်ပယ်မှာ ပြန်လည် အသုံးပြုနိုင်ရေးအတွက် လေ့လာသင်ယူကြဖို့နှင့် ကျွန်တော်တို့ မြန်မာနိုင်ငံ တော်ဟာ စစ်မှန်သော ဒီမိုကရေစီလမ်းကြောင်းစနစ်ကို ချီတက်လာသည်မှာ (၇)နှစ်တာကာလ အတွင်း ရောက်ရှိ လာပြီဖြစ်ပါ တယ်။ ဒီကာလအတွင်းမှာ တိုင်းရင်း သားလက်နက် ကိုင် အဖွဲ့အစည်းများနှင့် စစ်မှန်သော ငြိမ်းချမ်းရေး ရယူရန်အတွက် ပြည်ထောင်စုအဆင့် NCA အဆင့် လက်မှတ်ရေး ထိုးခြင်းများ ဆောင်ရွက်နိုင်ခဲ့တာ မိမိတို့ပါတီအပေါ်ယုံကြည်မှုပိုမိုလာသည်ကို တွေ့မြင်ရမှာဖြစ်ပါကြောင်း၊ ပါတီဝင်လူငယ် မောင်မယ်များအနေဖြင့် ပကတိလက်ရှိအခြေအနေ များကို ရှောင်လွှဲငြင်းပယ်၍မရပဲ တိုင်းပြည်အတွက် ကျရောက် လာနိုင်တဲ့မည်သည့်အတားအဆီး အနှောက်အယှက်မဆို ကျရာအခန်းကဏ္ဍကနေ ၀ိုင်းဝန်းတားဆီးဖြေရှင်းရမှာ ဖြစ်ပါကြောင်း၊ ကျွန်တော်တို့ပါတီရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ပြီး အတိတ်ကသင်ခန်းစာများကို ” အား ” အဖြစ်မွေးပြီး ပါတီဥက္ကဌကြီးရဲ့မိန့်မှာချက်များကို မိမိ တို့ရဲ့ လုပ်ငန်းလမ်းညွှန်အဖြစ် ခံယူကျင့်သုံးကြဖို့ အထူးမှာကြားလိုကြောင်းနှင့် သင်တန်းသူသင်တန်း သား များအနေဖြင့် သင်တန်းကိုအစမှပြီးစီးသည် အထိ တက်ရောက်ကြပြီး ပါတီကမျှော်မှန်းထားသော (၂၀၂၀) အထွေထွေ ရွေးကောက်ပွဲ အောင်နိုင် ရေးကိုလည်း မျက်ခြေမပြတ် မိမိတို့ပတ်ဝန်းကျင်ကို လေ့လာသင်ယူရင်း မိမိတို့ဒေသရပ်ရွာ ဖွံ့ဖြိုးအောင် အကျိုးပြုနိုင်သည့် ပါတီအဖွဲ့အစည်းကို မှန်ကန်စွာ ရွေးချယ်ဆုံးဖြတ်နိုင်ရန် ကြိုးစားပေးကြပါလို့ ပြောကြားသွားပါသည်။

ဆက်လက်ပြီး ရှားတောမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးပေါလူက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ လမ်းညွှန် အမှာစကား ပြောကြားသွားပြီး သင်တန်းနည်းပြများနှင့် မိတ်ဆက်ပေးပါသည်။

ယနေ့ နိုင်ငံရေး စီမံခန့်ခွဲမှု(ဆင့်ပွား)သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ကယားပြည်နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ် ကော်မတီဝင် ဦးရဲဝင်း(ရှားတောမြို့နယ်တာဝန်ခံ) ပြည်နယ် ကော်မတီဝင်များဖြစ်ကြသော ဦးကျော်သင်း၊ ဦးအောင်နိုင်ဦး၊ ဒေါ်မော်မော်ခိုင်၊ ဒေါ်နန်းယဉ်သီတာထွေး၊ ဘောလခဲခရိုင်ကော်မတီဝင် ဦးလှမောင်၊ ဒီးမော့ဆိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဒေါ်မေရီယန်၊ ဒီးမော့ဆိုမြို့နယ် အတွင်းရေးမှူး ဦးဝီလျံဇော်ထိုက်နှင့် ရှားတောမြိုနယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးပေါလူ၊ အတွင်းရေးမှူး ဒေါ်အန်ဂျလေးနာမလေးနှင့် မြို့နယ်ကော်မတီဝင်များ၊ သင်တန်းနည်းပြများ၊ သင်တန်းသူ/ သားများ စုစုပေါင်းအင်အား(၅၅)ဦး တက်ရောက်ပြီး၊ ယင်းသင်တန်းတွင် သင်တန်းသူ/သင်တန်းသား စုစုပေါင်း(၃၁)ဦး တက်ရောက်မှာ ဖြစ်ကြောင်း၊ သင်တန်းကို(၂)ရက်ကြာ ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း သင်တန်းဖွင့်ပွဲအပြီးတွင် ပထမဦး စွာ ကယားပြည် နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကော်မတီဝင် ဦးကျော်သင်းမှ ပြည်ခိုင်ဖြိုးပါတီ ဖွဲ့စည်းပုံနှင့် တာဝန်ဝတ္တရားများ သင်ခန်း စာဖြင့် ပို့ချပါကြောင်း သတင်းရရှိသည်။

ထာဝရ မြေချစ်သူ