ပန်းတနော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ လစဉ်ပုံမှန်အစည်းအဝေးကျင်းပ

 

မအူပင် ဇွန် ၂၆

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ လစဉ်ပုံမှန်အစည်း အဝေးကို ယမန်နေ့နံနက် ၉နာရီခွဲမှ မွန်းလွဲ ၁နာရီခွဲအထိ ပန်းတနော် မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ပန်းတနော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကျော်မင်းသန်း၊ အတွင်းရေးမှူး ဦးစောနိုင်ဦးနှင့် ဘဏ္ဍာရေးမှူး ဦးအောင်မျိုးမြတ်တို့က ပါတီမှ ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအားဆွေးနွေးခြင်း၊ တက်ရောက်လာကြသောမြို့နယ် ပါတီကော်မတီဝင်များက မိမိတို့ တာဝန်ယူရသော ကျေးရွာအုပ်စုများ၏အခြေအနေများ၊ လိုအပ် ချက်များကို တင်ပြဆွေးနွေးခြင်းများပြုလုပ်လျက် ပါတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခြင်းများ ဆောင်ရွက်ခဲ့သည်။

အစည်းအဝေးသို့ ပန်းတနော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကျော်မင်းသန်းအပါအဝင် မြို့နယ်ပါတီကော်မတီဝင်များ၊ အရန် ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

ဖြိုးမောင်ဇော်(မအူပင်)