ပြည်ခိုင်ဖြိုးအစိုးရလက်ထက်က မီဒီယာလွတ်လပ်ခွင့် ပြည်သူတွေဆန္ဒထုတ်ဖော်ခွင့်ဘယ်လောက်ရှိခဲ့တယ် ခုဘယ်လောက်လွတ်လပ်ခွင့်ရှိနေတယ်ဆိုတာ ပြည်သူနှင့် မီဒီယာသမားများ အသိဆုံးဖြစ်ပါမယ်

 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးမြို့ ပြည်ခိုင်ဖြိုးပါတီရုံးသို့ ဗဟိုအလုပ်အမှုဆောင်ကော်မတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့် ယခုလ ၁၂ ရက်ကရောက်ရှိလာစဉ် မီဒီယာအဖွဲ့များမှ တွေ့ဆုံပြီးမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

မေး။ ဆရာအမည်နဲ့ ရာထူးကို သိပါရစေ။

ဖြေ။ ကျွန်တော့်အမည်ကတော့ ဒေါက်တာနန္ဒာလှမြင့်ပါ။

ပြည်ခိုင်ဖြိုးပါတီရဲ့ ပြောရေးဆိုခွင့် ရှိသူ ဖြစ်ပါတယ်။

မေး။ ပြည်ခိုင်ဖြိုး ပါတီအနေနဲ့ ၂ဝ၁၈ ကြားဖြတ်ရွေး ကောက်ပွဲမှာဘယ်လောက် ထိမျှော်မှန်းထားပါသလဲ။ ၂ဝ၂ဝရွေးကောက်ပွဲအတွက် လည်း ဘယ်လိုပြင်ဆင် ထားပါသလဲ။

ဖြေ။ ပထမအချက်အနေနဲ့ ကြား ဖြတ်ရွေးကောက်ပွဲ အခြေ
အနေပြောရမယ်ဆိုရင် လစ်လပ်မဲ ဆန္ဒနယ်မြေ ၁၃ နေရာရှိပါတယ်။ ကျွန်တော်တို့ပါတီက ၁ဝ နေရာ ပြိုင်ပါမယ်။ ကျွန်တော်တို့ပါတီ က ပြည်သူ့ပါတီဖြစ်သည့်အတွက် တိုင်းရင်းသားနေရာတွေမှာ တိုင်း ရင်းသားဒေသခံပါတီတွေကို ဦး စားပေးသင့်ပါတယ်။ ဒါကြောင့် ၁၃ နေရာမှာ သုံးနေရာလွှတ်ပေး မှာဖြစ်ပါတယ်။ အောင်နိုင်မှုအခြေ ကို တကယ်တမ်းပြောရမယ်ဆိုရင် ပါတီတိုင်းဟာအနီးစပ်ဆုံးရွေး ကောက်ပွဲမှာ အနိုင်ရဖို့ကြိုးစားကြ ပါတယ်။ ကျွန်တော်တို့လည်း ၁ဝ နေရာဝင်ပြိုင်တဲ့နေရာမှာအကောင်း ဆုံးရလဒ်တစ်ခုရဖို့ မျှော်မှန်းပြီး တော့ကြိုးစားကြတာဖြစ်ပါတယ်။ ပါတီရဲ့ နိုင်ခြင်း/ရှုံးခြင်းဆိုတာ ပြည်သူလူထုရဲ့ ဆန္ဒမဲပေးမှုအပေါ် မူတည်သလို ရွေးကောက်ပွဲကျင်းပ ပေးတဲ့ကော်မရှင်အသီးသီးရဲ့ သမာ သမတ်ကျမှု၊ မျှတမှု၊ ဘက်မလိုက် မှု မှန်မှန်ကန်ကန်ရပ်တည်ဆောင် ရွက်ပေးမှဖြစ်ပါတယ်။ ကျွန်တော် တို့ ပြည်သူတွေဟာဒီနေ့ NLD အစိုးရလက်ထက်မှ ဆုံးဖြတ်လို့ရ လိမ့်မည်ဟုထင်ပါတယ်။ ပါတီ ဥက္ကဋ္ဌကြီးကိုယ်တိုင်လည်း အပင် ပန်းခံပြီး မဲဆန္ဒရှင်ပြည်သူများထံ ကိုယ်တိုင်လာရောက်ကွင်းဆင်းပြီး ကြိုးစားနေတာဖြစ်ပါတယ်။ ကျွန် တော်တို့ဘက်ကတော့ အကောင်း ဆုံးအလုပ်နဲ့ သက်သေပြပါမယ်။ပြည်သူလူထုလိုလားအားကိုးရမည့် ပါတီဖြစ်အောင် ပြည်သူလူထုအား ကိုးခိုင်းရမည့်ကိုယ်စားလှယ်ကို ပြည်သူ့ဆန္ဒနဲ့အညီ ရွေးချယ်ထား ပါတယ်။ ဒါကြောင့် အောင်မြင်မှု တစ်ခုရမယ်လို့ယုံကြည်ပါတယ်။

မေး။ လက်ရှိ အခြေအနေအရ အစိုးရနှင့်မီဒီယာတွေကြား မှာဖြစ်ပေါ်နေတဲ့ တရားစွဲ ခံနေကြရတဲ့မီဒီယာသမား တွေအပေါ် ပြည်ခိုင်ဖြိုး ပါတီရဲ့ သဘောထားလေး သိပါရစေ။

ဖြေ။ ကျွန်တော်တို့မှာ မဏ္ဍိုင် ကြီးလေးရပ် ရှိပါတယ်။

စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့မီဒီယာဆိုတာ သာမန်မိသားစုတစ်ခုမှာ အိမ် ထောင်ဦးစီးတစ်ယောက်က မှားခဲ့ ရင် ထိုမိသားစုတစ်ခုပဲဒုက္ခရောက် ပါမယ်။ အစိုးရတစ်ရပ်မှားရင်တစ် နိုင်ငံလုံး ဒုက္ခရောက်ကြမှာ။

ဒါ ကြောင့် ပြည်သူလူထုရော၊အတိုက် အခံပါတီတွေရော၊မီဒီယာတွေရော အားလုံးဝိုင်းဝန်းတည့်မတ်ပေးရမှာ ဖြစ်ပါတယ်။သမ္မတကြီးဦးသိန်းစိန် ပြည်ခိုင်ဖြိုးအစိုးရလက်ထက်က မီဒီယာလွတ်လပ်ခွင့်ပြည်သူတွေ ဆန္ဒထုတ်ဖော်ခွင့် ဘယ်လောက်ရှိ ခဲ့တယ်။ ခုဘယ်လောက်လွတ်လပ် ခွင့်ရှိနေတယ်ဆိုတာ ပြည်သူနှင့် မီဒီယာသမားများ အသိဆုံးဖြစ်ပါ လိမ့်မယ်လို့ ဖြေကြားပါရစေ။

ဂျွိင်းဆက်(ကလေး)