ဗဟိုအတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များ ပါတီအောင်နိုင်ရေးညှိနှိုင်းဆွေးနွေး

 

ရန်ကုန် အောက်တိုဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေး သို့ ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်၊ ပါတီဗဟို အလုပ်အမှုဆောင် ရန်ကုန်တိုင်း ဒေသကြီးတာဝန်ခံဦးခင်ရီ၊ ပါတီ ဗဟိုအလုပ်အမှုဆောင်ရန်ကုန်တိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် ပါတီဗဟိုကော် မတီဝင်များ၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဋ္ဌ များ၊ မြို့နယ်ပါတီဥက္ကဋ္ဌများနှင့် အထောက်အကူပြုအဖွဲ့များ တက် ရောက်ခဲ့ကြသည်။

အစီအစဉ်အရ တာမွေမြို့နယ် မဲဆန္ဒနယ်မှကိုယ်စားလှယ်လောင်း ဦးမျိုးဝင်းကျော်နှင့် အောင်နိုင်ရေး ကော်မတီဝင်များက ဆောင်ရွက် ပြီးစီးမှုများကို တင်ပြကြသည်။ဆက်လက်၍ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်အတွက်အနောက်ပိုင်း ခရိုင်အောင်နိုင်ရေးကော်မတီများမှ ဆောင်ရွက်ထားရှိမှုများကို တင်ပြကြသည်။

ထို့နောက် ပါတီဗဟိုအလုပ်အမှုဆောင်ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံဦးခင်ရီနှင့် ပါတီဗဟိုအလုပ်အမှုဆောင်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌဦးခင်မောင်စိုးတို့က ပူးပေါင်းဆောင်ရွက်ရမည့်အစီ အစဉ်များကို ချပြဆွေးနွေးသည်။

ဆက်လက်၍ပါတီဥက္ကဋ္ဌကြီး၏ ပါတီအောင်နိုင်ရေးခရီးစဉ် အတွက် ကြိုတင်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကိုဆွေးနွေး ကြပြီးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုရုပ်သိမ်းခဲ့ကြောင်းသိရသည်။

ထိန်ဝင်း(YGN)