ပြင်ဦးလွင်ခရိုင်/မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ပညာရေးစုံညီပွဲတော်သို့တက်ရောက်

၉-၁-၂၀၂၃ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ပြင်ဦးလွင်မြို့၊ဝက်ဝံကျေးရွာအုပ်စု၊ ကျောက်ခွက်ကျွန်းတပင် ကျေးရွာမူလတန်းကျောင်း၊၂၀၂၂-၂၀၂၃ ခုနှစ်၊ပညာရေးစုံညီပွဲတော်ကျင်းပရာသို့ ပြင်ဦးလွင်ခရိုင်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌဦးဟိန်းမင်းဦးနှင့်ကော်မတီဝင်များ၊ပြင်ဦးလွင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးဝင်းဇော်နှင့်ကော်မတီဝင်များတက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ခရိုင်ပါတီဥက္ကဌ ဦးဟိန်းမင်းဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ထူးချွန်ကျောင်းသား/ သူများအား ခရိုင်/မြို့နယ်ပါတီဥက္ကဌတို့က ဆုများချီးမြှင့်ခဲ့ကြပါသည်။ ၎င်းနောက်ကျေးရွာ မူလတန်းကျောင်း အတွက်ခရိုင်/မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ကျောင်းသုံးဗလာစာအုပ် ၁၀ ဒါဇင်နှင့်အလှူငွေလှူဒါန်းခဲ့ကြောင်း သိရှိရသည်။