ရမည်းသင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးကဏ္ဍတွေ့ဆုံပွဲပြုလုပ်

(၉-၁-၂၀၂၃)ရက်နေ့(၁၅:၃၀)အချိန်တွင် ရမည်းသင်းမြို့၊ဝါတိုးရပ်ကွက်၌ အမျိုးသမီးကဏ္ဍတွေ့ဆုံပွဲပြုလုပ်ခဲ့ရာ ပါတီဗဟိုကော်မတီဝင်၊တိုင်းဒေသကြီးပါတီကော်မတီဝင် အမျိုးသမီးကဏ္ဍတာဝန်ခံ ဒေါ်သန်းသန်းအေး၊ ပါတီ ဗဟိုကော်မတီဝင် ဦးကျော်မြင့်၊ရမည်းသင်းခရိုင် ဥက္ကဌဒေါ်သန်းသန်းအေးနှင့် ကော်မတီဝင်များ၊ရမည်းသင်းမြို့နယ် ဥက္ကဌဦးဇော်ဝင်းနှင့် ကော်မတီဝင်များ၊အမျိုးသမီးပါတီဝင်များ၊ ပါတီဝန်းရံသူများ တက်ရောက်ခဲ့ပြီး လာမည့် ရွေးကောက်ပွဲ တွင်ကျင့်သုံးမည့်PR စနစ်အကြောင်း၊ပါတီဝန်းရံသူ အမျိုးသမီးများတိုးပွားလာစေရန် စည်းရုံး ဆောင်ရွက်သွားရေးနှင့်ပါတီ၏ရှေ့လုပ်ငန်းစဉ်များတွင် ပါတီဝင်အမျိုးသမီးများ တက်ကြွစွာ ပါဝင်ဆောင်ရွက်ရေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။