ပြည်ခိုင်ဖြိုးပါတီ ပေါက်မြို့နယ် ခင်ရှည်မြောက်ကျေးရွာ၌ ပါတီဝင်​အဆိုပြုလွှာစု​ပေါင်း​ပေးအပ်​ပွဲ ကျင်းပပြုလုပ်


ပေါက်​၊ ​အောက်​တိုဘာ၊ ၈

ပါတီဝင်​အဆိုပြုလွှာ စု​ပေါင်း​ပေးအပ်​ပွဲအခမ်းအနားကို ယမန်​နေ့ မွန်းလွဲ ၁ နာရီအချိန်​တွင်​ မ​ကွေးတိုင်း​ဒေသကြီး ​ပေါက်​မြို့နယ်​ ခင်​ရှည်​​မြောက်​​ကျေးရွာ၌ ကျင်းပပြုလုပ်​ရာ အခမ်းအနားသို့ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်ဖွံ့ဖြိုး​ရေးပါတီ မ​ကွေးတိုင်း​ဒေသကြီးပါတီ အတွင်း​ရေးမှူး
ဦးဆန်းညွန့်​​အောင်၊ တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​များဖြစ်​ကြ​သော ဦး​စောဝင်း​မောင်​၊ ဦး​အောင်​နိုင်​၊ ပခုက္ကူ ခရိုင်​ပါတီဥက္ကဌ ဦးသိန်းထွန်းနှင့် ခရိုင်​​ကော်​မတီဝင်​များ၊ မြို့နယ်​ပါတီဥက္ကဌ ဦးခင်​​မောင်​ညို၊ အတွင်း​ရေးမှူး ဦးမြင့်စိုးဝင်းနှင့် မြို့နယ်​ပါတီ​ကော်​မတီဝင်​များ၊ ရပ်​​ကျေးပါတီဥက္ကဌများ၊ ပါတီဝင်​များ‌ စုစု​ပေါင်းအင်​အား ၆၃၀ ဦး ခန့်​တက်​​ရောက်​ခဲ့ကြပါသည်​ ။
အခမ်းအနားကို နိုင်​ငံ​တော်​အလံအ​လေးပြုခြင်း၊ နိုင်​ငံ​တော်​သီချင်းသီဆိုခြင်းတို့ဖြင့်​ ဖွင့်​လှစ်​ခဲ့ပြီး မြို့နယ်​ပါတီဥက္ကဌမှ အခမ်းအနားကျင်းပရခြင်း‌နှင့်​ပတ်​သက်​၍ ရှင်းလင်း​ပြောကြားခဲ့ပြီး ပါတီဝင်​အဆိုပြုလွှာများအား နဂါးပွက်​​ကျေးရွာမှ ​ဒေါ်သန်းရှိန်​က ​ပေးအပ်​ရာ မြို့နယ်​​ကော်​မတီဝင်​ ဦးဖုန်းမြင့်​​ကျော်​က လက်​ခံရယူပြီး ပါတီဝင်​​ကြေးများအား ခင်​ရှည်​​တောင်​စု​ကျေးရွာမှ ဦး​အောင်​​ထွေးက ​ပေးအပ်​ရာ မြို့နယ်​ပါတီအတွင်း​ရေးမှူး ဦးမြင့်​စိုးဝင်းက လက်​ခံရယူခဲ့ပါသည်​။
‌ပါတီဝင်များကိုယ်စား​​ ​ဒေသခံပြည်​သူ ဦးကြည်​​မောင်​မှ ပြည်​ခိုင်​ဖြိုးပါတီသို့ ဝင်​​ရောက်​လာရခြင်းနှင့်​ပတ်​သက်​၍ ရှင်းလင်းတင်​ပြခဲ့ပြီး တိုင်း​ဒေသကြီးပါတီအတွင်း​ရေးမှူးမှ ကြိုဆိုနှုတ်​ခွန်းဆက်​စကား ​ပြောကြားကာ ည​နေ ၃ နာရီခန့်​တွင်​ အခမ်းအနားပြီး​မြောက်​ခဲ့​ကြောင်းနှင့် အခမ်းအနားတွင်​ ပါတီအဆိုပြုလွှာ ၅၈၄ ​စောင်​ လက်​ခံရရှိခဲ့​ကြောင်း သိရသည်​။

‌မင်း​ဇော်