ပြည်ခိုင်ဖြိုးပါတီ ပေါက်မြို့နယ် ခင်ရှည်မြောက်ကျေးရွာ၌ ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲ ကျင်းပပြုလုပ်
ပေါက်၊ အောက်တိုဘာ၊ ၈
ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် ခင်ရှည်မြောက်ကျေးရွာ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မကွေးတိုင်းဒေသကြီးပါတီ အတွင်းရေးမှူး
ဦးဆန်းညွန့်အောင်၊ တိုင်းဒေသကြီးပါတီကော်မတီဝင်များဖြစ်ကြသော ဦးစောဝင်းမောင်၊ ဦးအောင်နိုင်၊ ပခုက္ကူ ခရိုင်ပါတီဥက္ကဌ ဦးသိန်းထွန်းနှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဌ ဦးခင်မောင်ညို၊ အတွင်းရေးမှူး ဦးမြင့်စိုးဝင်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဌများ၊ ပါတီဝင်များ စုစုပေါင်းအင်အား ၆၃၀ ဦး ခန့်တက်ရောက်ခဲ့ကြပါသည် ။
အခမ်းအနားကို နိုင်ငံတော်အလံအလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသီဆိုခြင်းတို့ဖြင့် ဖွင့်လှစ်ခဲ့ပြီး မြို့နယ်ပါတီဥက္ကဌမှ အခမ်းအနားကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ပါတီဝင်အဆိုပြုလွှာများအား နဂါးပွက်ကျေးရွာမှ ဒေါ်သန်းရှိန်က ပေးအပ်ရာ မြို့နယ်ကော်မတီဝင် ဦးဖုန်းမြင့်ကျော်က လက်ခံရယူပြီး ပါတီဝင်ကြေးများအား ခင်ရှည်တောင်စုကျေးရွာမှ ဦးအောင်ထွေးက ပေးအပ်ရာ မြို့နယ်ပါတီအတွင်းရေးမှူး ဦးမြင့်စိုးဝင်းက လက်ခံရယူခဲ့ပါသည်။
ပါတီဝင်များကိုယ်စား ဒေသခံပြည်သူ ဦးကြည်မောင်မှ ပြည်ခိုင်ဖြိုးပါတီသို့ ဝင်ရောက်လာရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးပါတီအတွင်းရေးမှူးမှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားကာ ညနေ ၃ နာရီခန့်တွင် အခမ်းအနားပြီးမြောက်ခဲ့ကြောင်းနှင့် အခမ်းအနားတွင် ပါတီအဆိုပြုလွှာ ၅၈၄ စောင် လက်ခံရရှိခဲ့ကြောင်း သိရသည်။
မင်းဇော်