စမ်းချောင်းပြည်ခိုင်ဖြိုးပါတီ သင်တန်းသားများနှင့်တွေ့ဆုံပွဲကျင်းပ

 

ရန်ကုန် မတ် ၃၁

ရန်ကုန်တိုင်းဒေသကြီ စမ်း ချောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီရုံးတွင် မတ် ၂၉ ရက် ညနေ ၄နာရီက စက်ချုပ်သင်တန်း သူများ၊ ကွန်ပျူတာသင်တန်းသား သင်တန်းသူများနှင့် စမ်းချောင်း မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များ တွေ့ဆုံ၍ မိတ်ဆုံစားပွဲပြုလုပ်ခဲ့ သည်။တွေ့ဆုံပွဲအားတိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးတင်ဝင်း၊ အနောက်ပိုင်းခရိုင်ဥက္ကဋ္ဌဦးနေဝင်း၊ ခရိုင်ပါတီကော်မတီဝင် ဒေါ်အိအိ လှိုင်၊ဒေါ်စန်းစန်းဝင်း(၁)၊ဒေါ်စန်းစန်း ဝင်း (၂)၊ လသာမြို့နယ် ဥက္ကဋ္ဌ ဦးအောင်ဟုတ်စိန်တို့ တက်ရောက် ၍ နိုင်ငံတော်သီချင်းဖြင့် အခမ်း အနားဖွင့်လှစ်ပြီး စက်ချုပ်သင်တန်း သူ၊ ကွန်ပျူတာ သင်တန်းသား သင်တန်းသူများက ဒို့ပြည်ခိုင်ဖြိုး သီချင်းသီဆို၍ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးတင်ဝင်း၊ အနောက်ပိုင်းခရိုင် ပါတီဥက္ကဋ္ဌ ဦးနေဝင်းတို့က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ တက်ရောက် လာသူ အားလုံးချစ်ခင်ရင်းနှီးစွာ ပျော်ပျော်ပါးပါး မိတ်ဆုံစားပြီး လက်ဆောင် ပစ္စည်းများလဲလှယ် ကာ ကေသရာဇာခြင်္သေ့ သီချင်း သီဆို၍ ည ၇ နာရီတွင် အခမ်း အနားအောင်မြင်စွာ ရုပ်သိမ်းခဲ့ ကြောင်း သိရသည်။

ထိန်ဝင်း(YGN)