အင်္ဂလန်နဲ့ ချဲလ်ဆီးအသင်းခေါင်းဆောင်ဟောင်း တယ်ရီ ကစားသမားဘ၀ကနေ အနားယူ

အင်္ဂလန်နဲ့ ချဲလ်ဆီးအသင်းခေါင်းဆောင်ဟောင်း တယ်ရီဟာ ကစားသမားဘ၀ကနေ အနားယူသွားပြီလို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ နွေရာသီမှာ ချန်ပီယံရှစ်ကလပ်ဗီလာကနေ ထွက်ခွာ ခဲ့ပြီးနောက် တယ်ရီဟာ အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပါတယ်။ နောက်ခံကစားသမားလည်းဖြစ်တဲ့ တယ်ရီက “ကစားသမားဘ၀ အံ့အားသင့်ဖွယ်(၂၃)နှစ်တာကာလကို ကျော်ဖြတ်ခဲ့ပြီးနောက် အနားယူဖို့အချိန်ကျပြီလို့ ကျွန်တော်ဆုံးဖြတ်ခဲ့ ပါတယ်”လို့ အင်စတာဂရမ်မှာ ဖော်ပြခဲ့ပါတယ်။ တယ်ရီဟာ ချဲလ်ဆီးမှာ ဆယ်စုနှစ်(၂)ခုကြာကစားခဲ့ပြီးနောက် ၂၀၁၇ ခုနှစ်မှာ လန်ဒန်ကလပ် အသင်းကနေ ထွက်ခွာခဲ့ပါတယ်။

ချဲလ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား (၅)ကြိမ်၊ အက်ဖ်အေဖလား (၅)ကြိမ်၊ လိဂ်ဖလား(၅)ကြိမ်၊ ချန်ပီယံလိဂ်ဖလား(၁)ကြိမ်နဲ့ ယူရိုပါလိဂ်ဖလား(၁)ကြိမ် တယ်ရီ ဆွတ်ခူး နိုင်ခဲ့ပါတယ်။ —Ref: Sky sports