ပရီးမီးယားလိဂ္ Hall of Fame တြင္ ၂၀၂၄ ခုႏွစ္အတြက္ ပထမဆုံးထည့္သြင္းခံရသူအျဖစ္ အက္ရွ္ေလကိုးလ္ မွတ္တမ္းဝင္

မတ္ ၂၆

အာဆင္နယ္နဲ႔ ခ်ဲလ္ဆီးအသင္းတို႔ရဲ့ ဘယ္ေနာက္ခံလူ ကစားသမားေဟာင္းျဖစ္တဲ့ အက္ရွ္ေလကိုးလ္ဟာ ပရီးမီးယားလိဂ္ Hall of fame မွာ ပါဝင္ခြင့္ရရွိခဲ့တဲ့ ဂႏၴဝင္ကစားသမားတစ္ေယာက္ ျဖစ္သြားခဲ့ၿပီျဖစ္ပါတယ္။

ပရီးမီးယားလိဂ္မွာ အာဆင္နယ္နဲ႔ ခ်ဲလ္ဆီးတို႔ကို ကိုယ္စားျပဳၿပီး ၁၅ ႏွစ္တာ က်င္လည္ခဲ့တဲ့ ကိုးလ္ဟာ အမွတ္ေပးဆုဖလားကိုလည္း ဆြတ္ခူးနိုင္ခဲ့သလို ပရီးမီးယားလိဂ္ရဲ့ အေကာင္းဆုံးေနာက္ခံလူစာရင္းမွာ ပါဝင္နိုင္ခဲ့တဲ့ အေကာင္းဆုံးကစားသမား တစ္ေယာက္လည္းျဖစ္ပါတယ္။

အက္ရွ္ေလကိုးလ္(၄၃ ႏွစ္)က အာဆင္နယ္အသင္းႏွင့္ ပရီးမီးယားလိဂ္ပြဲေပါင္း (၁၅၆)ပြဲ ကစားခဲ့ၿပီး ခ်ယ္လ္ဆီးအသင္းႏွင့္ ပရီးမီးယားလိဂ္ပြဲေပါင္း (၂၂၉)ပြဲ ကစားခဲ့သူျဖစ္ပါတယ္။

အက္ရွ္ေလကိုးလ္ဟာ ပရီးမီးယားလိဂ္ Hall of Fame တြင္ ေရြးခ်ယ္ခံရသည့္ စတုတၳေျမာက္ ေနာက္ခံကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ေၾကာင္းလည္း သိရပါတယ္။

========

ပရီးမီးယားလိဂ် Hall of Fame တွင် ၂၀၂၄ ခုနှစ်အတွက် ပထမဆုံးထည့်သွင်းခံရသူအဖြစ် အက်ရှ်လေကိုးလ် မှတ်တမ်းဝင်

မတ် ၂၆

အာဆင်နယ်နဲ့ ချဲလ်ဆီးအသင်းတို့ရဲ့ ဘယ်နောက်ခံလူ ကစားသမားဟောင်းဖြစ်တဲ့ အက်ရှ်လေကိုးလ်ဟာ ပရီးမီးယားလိဂ် Hall of fame မှာ ပါဝင်ခွင့်ရရှိခဲ့တဲ့ ဂန္ထဝင်ကစားသမားတစ်ယောက် ဖြစ်သွားခဲ့ပြီဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာ အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ကို ကိုယ်စားပြုပြီး ၁၅ နှစ်တာ ကျင်လည်ခဲ့တဲ့ ကိုးလ်ဟာ အမှတ်ပေးဆုဖလားကိုလည်း ဆွတ်ခူးနိုင်ခဲ့သလို ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးနောက်ခံလူစာရင်းမှာ ပါဝင်နိုင်ခဲ့တဲ့ အကောင်းဆုံးကစားသမား တစ်ယောက်လည်းဖြစ်ပါတယ်။

အက်ရှ်လေကိုးလ်(၄၃ နှစ်)က အာဆင်နယ်အသင်းနှင့် ပရီးမီးယားလိဂ်ပွဲပေါင်း (၁၅၆)ပွဲ ကစားခဲ့ပြီး ချယ်လ်ဆီးအသင်းနှင့် ပရီးမီးယားလိဂ်ပွဲပေါင်း (၂၂၉)ပွဲ ကစားခဲ့သူဖြစ်ပါတယ်။

အက်ရှ်လေကိုးလ်ဟာ ပရီးမီးယားလိဂ် Hall of Fame တွင် ရွေးချယ်ခံရသည့် စတုတ္ထမြောက် နောက်ခံကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရပါတယ်။