အင်ဒိုနီးရှားမှာ ငလျင်နဲ့ ဆူနာမီကြောင့် သေဆုံးသူ ၈ဝဝ ကျော်ပြီ

အင်ဒိုနီးရှားနိုင်ငံမှာ လှုပ်ခဲ့တဲ့ ငလျင်နဲ့ ပေါ်ပေါက်လာတဲ့ ဆူနာမီရေလှိုင်းကြောင့် တနင်္ဂနွေနေ့ကအထိ သေဆုံးသူ ၈၃၂ ဦးရှိသွားပြီလို့ သိရပါတယ်။

သဘာဝဘေးဒဏ် အပြင်းအထန်ခံစားခဲ့ရတဲ့ ဆူလာဝေဆီကျွန်းပေါ်က ပါလုမြို့မှာ ပြိုကျပျက်စီးခဲ့တဲ့ အဆောက်အဦတွေထဲ ပိတ်မိနေသူတွေ အများအပြားရှိနေဆဲလို့ ခန့်မှန်းရပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့က လှုပ်ခဲ့တဲ့ ပြင်းအား ၇.၅ ရှိတဲ့ ငလျင် နဲ့အတူ ပေ ၂၀ မြင့်တဲ့ ဆူနာမီရေလှိုင်း ပေါ်ပေါက် လာတာကြောင့် အပျက်အစီး အသေအပျောက် များပြားခဲ့ပါတယ်။

ငလျင်ဗဟိုချက်နဲ့နီးတဲ့ ပါလုမြို့မြောက်ပိုင်းမှာ နေထိုင်သူလူဦးရေ သုံးသိန်းကျော်ရှိနေတာပါ။ ဆက်သွယ်ရေးတွေ ပြတ်တောက်နေတာကြောင့် တခြားနေရာတွေက အခြေအနေတွေ အတိအကျ မသိရသေးပါဘူး။

လက်ရှိအခြေအနေမှာ ဆူလာဝေဆီကျွန်း အနောက်ပိုင်းက ကျေးရွာတွေမှာ ရိက္ခာ၊ ဆေးဝါး၊ ခိုလှုံစရာ အမိုးအကာတွေ အရေးတကြီး လိုအပ်နေပါတယ်။ ဒါပေမဲ့ ငလျင်နဲ့ ဆူနာမီကြောင့် လမ်းတွေ ပျက်စီင်္းကုန်တဲ့ အတွက် ဆက်သွယ်သွားလာဖို့ အခက်အခဲရှိနေတယ်လို့ သိရပါတယ်။

-Ref; RFA