ပဋိပက္ခခံစားခဲ့ရသူ ဒုက္ခသည်များအတွက် သစ်ပင်အရေအတွက် ရှစ်သန်း ကိုလမ်ဘီယာစိုက်ပျိုးမည်

မီတူ သြဂုတ် ၂၀

တိုင်းပြည်တွင် နှစ်ပေါင်း ၅၀ ကျော်ကြာညောင်းခဲ့ပြီဖြစ်သည့် လက်နက်ကိုင်ပဋိပက္ခများကို ခံစားခဲ့ကြရသော ဒုက္ခသည် ရှစ်သန်းကျော်အတွက် တစ်ဦးချင်းစီကို ကိုယ်စားပြုကာ သစ်ပင်ရှစ်သန်း စိုက်ပျိုးမည်ဖြစ်ကြောင်း ကိုလံဘီယာနိုင်ငံက ကနဦးအစီအစဉ်များကို ချပြခဲ့ကြောင်း သိရသည်။

14055196_1255657017787142_6256324871095593625_n

ကိုလံဘီယာ တော်လှန်ရေးလက်နက်ကိုင်အင်အားစုများအဖွဲ့မှ ပြောက်ကျားအဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးနေသော အစိုးရမှ သမ္မတ ဂျူအန်းမန်နူရယ်ဆန်တို့စ်က နိုင်ငံအရှေ့တောင်ပိုင်းရှိ မီတူးမြို့တွင် ပြီးခဲ့သည့်သောကြာနေ့၌ ပထမဆုံးသစ်ပင်ကို စိုက်ပျိုးခဲ့သည်။

ငြိမ်းချမ်းရေး၏သစ်တောများ အစီအစဉ်အတွက် သစ်ပင်များကို အစိုးရမဟုတ်သောအဖွဲ့ဖြစ်သည့် Saving the Amazon မှတဆင့် နိုင်ငံတစ်ဝန်းတွင် စိုက်ပျိုး သွားမည်ဟုသိရသည်။ သမ္မတဆန်တို့စ်က “လက်နက်ကိုင်ပဋိပက္ခများမှ မြေစာပင်ဒုက္ခသည် အရေအတွက်နှင့်ညီမျှသည် သစ်ပင်များကို စိုက်ပျိုးမယ့် အစီအစဉ် ဖြစ်ပါတယ်” ဟုပြောဆိုသည်။

၁၉၆၄ ခုနှစ်တွင် စတင်ဖြစ်ပွားခဲ့သည့် ကိုလမ်ဘီယာနိုင်ငံ၏ နယ်မြေအငြင်းပွားမှု ပဋိပက္ခများသည် လက်တင် အမေရိကတွင် အရှည်ကြာဆုံးစစ်ပွဲဖြစ်ပြီး အနည်းဆုံး လူပေါင်း၂ သိန်း ၆ သောင်းကျော် သေဆုံး၊ ၄ သောင်း ၅ ထောင်ကျော် ပျောက်ဆုံးကာ သန်းပေါင်းများစွာ နေရာရွှေ့ပြောင်းနေထိုင်နေရဆဲဖြစ်သည်။

Ref:AFP


Leave a Reply