ကသာခရိုင် ဝန်းသိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ဗဟိုအမျိုးသမီးညီလာခံအကြို အစည်းအဝေးကျင်းပ

 

ဝန်းသို စက်တင်ဘာ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဝန်းသိုမြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံး၌ အမျိုးသမီးရေးရာညီလာခံအကြိုအတွက် အစည်းအဝေး ကျင်းပခဲ့ကြောင်းသိရသည်။

ယင်းအစည်းအဝေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပါတီဥက္ကဋ္ဌ ဦးထွန်းအောင်ဝင်းက အမျိုးသမီးရေးရာ မြို့နယ်အကြို ညီလာခံနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် များနှင့်ပတ်သက်ပြီး စီစဉ်ညွှန်ကြားခဲ့ကြောင်း သိရသည်။

အစည်းအဝေးပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပါတီဥက္ကဋ္ဌ ဦးထွန်းအောင်ဝင်း၊ တိုင်းဒေသကြီးကော်မတီဝင် ခရိုင် တာဝန်ခံ ဦးအောင်ကိုစံ၊ ခရိုင်အတွင်းရေးမှူး ဦးမင်းဇော်မြင့်၊ ဝန်းသို မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးထိန်မင်း၊ အတွင်းရေးမှူး ဒေါ်မြင့် မြင့်ခိုင်နှင့် ကော်မတီဝင်များက အမျိုးသမီးရေးရာအကြို ညီလာခံ ကျင်းပနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စိုးလှိုင်(ဝန်းသို)