ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကျင်းပ

 

သံဖြူဇရပ် အောက်တိုဘာ ၁၄

သံဖြူဇရပ်မြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို အမျိုးသမီးညီလာခံအကြို နှီးနှော ဖလှယ်ပွဲကို ယမန်နေ့နံနက် ၁ဝ နာရီ ကကျင်းပရာ ရှေးဦးစွာ နိုင်ငံတော် အလံအား အလေးပြု၍ နိုင်ငံတော် သီချင်း သံပြိုင်သီဆိုကာ အခမ်း အနားဖွင့်လှစ်ခဲ့သည်။ ဗဟိုအလုပ် အမှုဆောင်မွန်ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်းက
တက်ရောက် အဖွင့်အမှာစကားပြောကြားခြင်း၊ မွန်ပြည်နယ်အမျိုးသမီး ရေးရာတာဝန်ခံဒေါ်မေသူဝင်းကဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ် ပွဲနှင့်သက်ဆိုင်သည့်အချက်အလက်များကိုရှင်းလင်းတင်ပြဆွေးနွေးခဲ့သည်။

သံဖြူဇရပ်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုးနိုင်က အမျိုးသမီးရေးရာနှင့်ပတ် သက်သည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ၊ ဘာသာသာသနာနှင့်သက်ဆိုင် သည့်ပရဟိတလုပ်ငန်းဆောင်ရွက်မှုအခြေအနေများတင်ပြဆွေးနွေးခဲ့သည်။

မြို့နယ် အမျိုးသမီးရေးရာ တာဝန်ခံကလည်း ကျင်းပမည့်ပုံစံများကို ရှင်းလင်းတင်ပြခဲ့သည်။ ဒုတိယပိုင်းအစီအစဉ်အရ အမျိုးသမီးတာဝန်ခံက စာတမ်းခေါင်းစဉ် လေးခု၊ အစုအဖွဲ့လေးဖွဲ့ခွဲ၍ စာတမ်းပြုစုခြင်း၊ ဆွေး နွေးခြင်း၊ မှတ်တမ်းတင်ခြင်း၊ စာတမ်းဖတ်ကြားခြင်း၊ တတိယပိုင်း အစီအစဉ်အရ သဘာပတိနေရာယူခြင်း၊ ပြည်နယ်တက်ရောက်မည့် အမည် စာရင်းများ ဖတ်ကြားခြင်း၊ အတည်ပြုခြင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြားပြီး ပြည်ခိုင်ဖြိုးဟေ့ဒို့ပါတီသီချင်းသံပြိုင်သီဆိုကာ အခမ်းအနားကို မွန်းလွဲ ၁၂ နာရီခွဲတွင်ပြီးဆုံးခဲ့ကြောင်း သိရသည်။