ရှေ့တန်းပြန်များအား ဂုဏ်ပြုကြိုဆို

 

ကြို့ပင်ကောက် စက်တင်ဘာ ၁ဝ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ ရန်ကုန်-ပြည်လမ်းအနောက်ဘက် မဟာစန္ဒာသီဟဘုရားကြီး ရှေ့တွင် ယမန်နေ့မွန်းလွဲ ၂ နာရီခွဲခန့်က အရှေ့မြောက်တိုင်း စစ်ဌာန ချုပ်နယ်မြေ လောက်ကိုင်ဒေသတွင် စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်ပြီး အောင်ပွဲရပြန်လာသော ခလရ (၁) စိန်ကန့်လန့်(မင်းလှ)မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ဇေယျဦးဆောင်သော ရှေ့တန်းပြန်အဖွဲ့များအား ကြိုဆိုခဲ့ကြ ကြောင်း သိရသည်။

ယင်းသို့မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့၊ ပြည်ခိုင်ဖြိုးပါတီ၊ ပြည်သူ့စစ်၊ လူမှုရေးအဖွဲ့ဘာသာရေးအဖွဲ့အစည်းမှ ပုဂ္ဂိုလ်များ ခလရ(၁)တပ်ရင်းမှ မိသားစုဝင်များက အချိုရည်ဘူးများ၊ ရေသန့် ဘူးများ၊ ခေါက်ဆွဲခြောက်၊ အောင်သပြေများနှင့် ပန်းကုံးစွပ်ကြိုဆိုခဲ့ ကြကြောင်း သိရသည်။

စိုးတင်မြင့်(ရွှေကြို့မြေ)