ဖလံ​တော​ကျေးရွာမှ မဲဆန္ဒရှင်မိဘပြည်​သူများနှင့်​ ပြည်​ခိုင်​ဖြိုးလွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်း ဦးစိန်​​ရွှေမင်းတို့ ​ဆွေ့ဆုံပွဲသို့ ဗဟိုအတွင်း​ရေးမှူး တက်​​ရောက်​၍နှုတ်​ခွန်းဆက်​စကား ​ပြောကြား

မင်းဘူး၊ စက်​တင်​ဘာ ၁၀

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြို​ရေးပါတီ ဗဟိုအတွင်း​ရေးမှူး၊ မ​ကွေးတိုင်း​ဒေသကြီးတာဝန်​ခံ ဦးပိုက်​​ထွေးသည်​ ဗဟိုအလုပ်​အမှု​ဆောင်​၊ မ​ကွေးတိုင်း​ဒေသကြီး ပါတီဥက္ကဌ ​ဒေါက်​တာ​မောင်​​မောင်​​ဌေး၊ တိုင်း​ဒေသကြီးပါတီအတွင်း​ရေးမှူး ဦးဆန်းညွန့်​​အောင်​၊ တိုင်း​ဒေသကြီး ပါတီဘဏ္ဍာ​ရေးမှူး ဦးကြည်​ထွန်း၊ တိုင်းပါတီ​ကော်​မတီဝင်​ ဦး​စောဝင်း​မောင်​၊ တိုင်း​ဒေသကြီးလွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်း ဦးစိန်​​ရွှေမင်းနှင့်​ ​ရွေး​ကောက်​ပွဲ​အောင်​နိုင်​​ရေးအဖွဲ့ဝင်​များ လိုက်​ပါလျက်​ ယ​နေ့ မွန်းလွဲ၂ နာရီခွဲ အချိန်​တွင်​ မင်းဘူးမြို့နယ်​မဲဆန္ဒနယ်​​မြေအမှတ်​(၂)ရှိ ဖလံ​တော​ကျေးရွာသို့ သွား​ရောက်​ခဲ့
ကြောင်း သိရသည်​။

အဆိုပါ​ကျေးရွာတွင်​ ​အောင်​နိုင်​​ရေးအဖွဲ့ဝင်​များဖြစ်​ကြ​သော မြို့နယ်​ပါတီ​ကော်​မတီဝင်​ ​ဒေါ်စန္ဒာဝင်းထွန်း​မှ ကိုယ်​စားလှယ်​​လောင်းအား မိတ်​ဆက်​​ပေးခြင်း၊ ခရိုင်ပါတီ​ကော်​မတီဝင်​ ဦးဝင်းနိုင်​မှပါတီ၏မူဝါဒအား ရှင်းလင်းခြင်း၊ မြို့နယ်​ပါတီဥက္ကဌ ဦး​ကျော်​ဝင်းမြင့်​မှ မဲ​ပေးနည်းစနစ်​မှန်​ကန်​​ရေး ရှင်းလင်း​ပြောကြားခြင်း၊ ကိုယ်​စားလှယ်​​လောင်း ဦးစိန်​​ရွှေမင်းမှ စည်းရုံး​ဟော​ပြောခြင်းများ ​ဆောင်​ရွက်​ကြပါသည်​။

ဆက်​လက်​၍ ဗဟိုအတွင်း​ရေးမှူး မှ နှုတ်​ခွန်းဆက်​စကား ​ပြောကြားခဲ့ပြီး မဲဆန္ဒရှင်​ပြည်​သူများအားရင်းနှီးချစ်​ခင်​စွာဖြင့်​ ​တွေ့ဆုံနှုတ်ဆက်​​ခဲ့​ကြောင်း သိရသည်​။

မင်း​ဇော်