ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ အသက် ၁ဝဝ နှင့်အထက် ဘိုးဘွားများကို ငွေကျပ် နှစ်သိန်းစီ နှင့် လှူဖွယ်ပစ္စည်းများလှူဒါန်း

နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်း စိန်၏ ရာဇသင်္ဂဟဖောင်ဒေးရှင်း မှ အသက် ၁ဝဝ အထက် ဘိုးဘွား များကိုလှူဒါန်းသော ငွေကျပ် နှစ်သိန်းတိတိစီကို စက်တင်ဘာလ (၅) ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် မှော်ဘီမြို့နယ်အတွင်းရှိ အဘိုး၊ အဘွား နှစ်ဦးကို ဖောင်ဒေးရှင်းကိုယ်စား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါအဘိုးအဘွားများမှာ မှော်ဘီမြို့နယ် သန္ဓေပင်ကျေးရွာမှ အဘွားဒေါ်စောမြတ် အသက် ၁ဝ၈ နှစ်နှင့် ရွှေလှေကြီး ကျေးရွာရှိ အဘိုးဦးချစ်ဟန် အသက် ၁ဝ၅ှစ်တို့ဖြစ်ပြီး ၎င်းတို့ နှစ်ဦးအား ငွေကျပ်နှစ်သိန်းစီနှင့် လှူဖွယ်ပစ္စည်းများကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးတင်မောင်ဝင်း၊ ရန်ကုန်မြောက်ပိုင်းခရိုင်ပါတီဥက္ကဋ္ဌ ဦးတင်ယု၊ ခရိုင်အတွင်းရေးမှူး ဦးလင်းထွန်းနှင့် ကော်မတီဝင်များ၊ မှော်ဘီမြို့နယ် ပါတီဥက္ကဋ္ဌ ဦးလှဦး နှင့်ကော်မတီဝင်များမှ ကျေးရွာအ ရောက်သွားရောက် လှူဒါန်းကန်တော့ခဲ့ကြသည်။

ယူဒီနေ


Leave a Reply