ရီးရဲလ်မှာ ကစားသမားဘ၀ကုန်ဆုံးမယ်လို့ မာဆယ်လို အတည်ပြု

စီးရီးအေချန်ပီယံ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ဖို့ ရှိနေတယ်ဆိုတဲ့သတင်းတွေကို ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ပြီး ရီးရဲလ်အသင်းမှာပဲ ကစားသမားဘ၀ကုန်ဆုံးမယ်လို့ နောက်ခံလူ မာဆယ်လိုက အတည်ပြု ပြောကြားလိုက်ပါတယ်။

အဆိုပါဘရာဇီးဘယ်နောက်ခံလူကို နွေအပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် ဂျူဗင်တပ် အသင်းက ခေါ်ယူဖို့ပစ်မှတ်ထားခဲ့တယ်လို့ သတင်းတွေထွက်ခဲ့ပါတယ်။ အခုအခါမှာတော့ မာဆယ်လိုက ဘာနေဗျူးမှာပဲ သူ့ရဲ့ကစားသမားဘ၀ကို အဆုံးသတ်သွားဖို့ အစီအစဉ်ရှိတယ်လို့ အသင်းပရိသတ်တွေကို အာမခံခဲ့တာပါ။

မာဆယ်လိုဟာ ရီးရဲလ်ကို ၂၀၀၇ ခုနှစ်မှာ ဖလူမင်နီစ်အသင်းကနေ ရောက်ရှိလာခဲ့ပြီးနောက် အသင်းနဲ့အတူ လာလီဂါဖလား(၄)ကြိမ်၊ ချန်ပီယံလိဂ်ဖလား(၄)ကြိမ်၊ စပိန်ဘုရင့်ဖလား(၂)ကြိမ်၊ ဥရောပစူပါဖလား (၃)ကြိမ်နဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလား(၃)ကြိမ် ရရှိခဲ့ပါတယ်။

-Ref; Sky sports