လှိုင်သာယာမြို့နယ်ပြည်ခိုင်ဖြိုးပါတီ တောင်ငူခရိုင်ရှိရေဘေးသင့်ပြည်သူများအား စားစရာ လူသုံးကုန်နှင့် အဝတ်အထည်များသွားရောက်လှူဒါန်း

 

ရန်ကုန် စက်တင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီးမြောက် ပိုင်းခရိုင် လှိုင်သာယာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဥက္ကဋ္ဌ ဦးဇေယျာအောင် နှင့် မြို့နယ်ကော်မတီဝင်များ ဦးဆောင်၍ ရပ်ကွက်ကျေးရွာပါတီ ဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊ အမျိုးသမီးထုများ၊ လူငယ်ပါတီဝင် များနှင့် စေတနာရှင်များစုပေါင်း၍ ဆန် ၃၅ အိတ်၊ မာမားခေါက်ဆွဲ ခြောက်ဖာ ၃ဝ၊ ရွှေဝါဆပ်ပြာ အတောင့် ၄ဝ၊ အသင့်စားငါးပိဘူး ၂ဝဝဝ၊ အဝတ်အထည် အထုပ် ၃၂ဝ၊ ရေသန့် ၁၁ ကတ်၊ ကော်ဖီ မစ် စားသောက်ဖွယ်ရာများကို ယမန်နေ့တွင် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် ဆွာမင်းလမ်းကျေးရွာအုပ်စု ရွှေ သပြေကျေးရွာ၊ မှန်စီကျေးရွာ၊ ကြာအင်းကျေးရွာ ရေဘေးသင့် ပြည်သူများထံသို့ သွားရောက်လှူ ဒါန်းပေးခဲ့ကြောင်း သိရသည်။

ပေးအပ်လှူဒါန်းမှုကို ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ တောင်ငူခရိုင်အတွင်းရေးမှူး ဦးလှဆွေနှင့် ရေတာရှည်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးသိန်းမြင့်ထွန်း၊ အတွင်းရေးမှူး ဦးစိုးသီဟနှင့် ကော်မတီဝင်များက လာရောက် ကြိုဆိုကြပြီး ရေးဘေးသင့်ပြည်သူ များထံသို့ လိုက်လံပို့ဆောင်ပေးခဲ့ ပြီး ရေဘေးသင့်မိဘပြည်သူများ လက်သို့ ကိုယ်ထိလက်ရောက်လှူ ဒါန်းနိုင်ရေးအတွက် စီစဉ်ဆောင် ရွက်ပေးခဲ့ကြောင်း၊ ရေတာရှည်မြို့ နယ် ဆွာမင်းလမ်းကျေးရွာအုပ်စု၊ ရွှေသပြေကျေးရွာ၊ မှန်စီကျေးရွာ၊ ကြာအင်းကျေးရွာ၊ ဆီဆုံကုန်းကျေး ရွာ ဘုန်းတော်ကြီးကျောင်းနှင့် ရေဘေးသင့်မိဘပြည်သူများအား ဆန်၊ အဝတ်အထည်၊ ခေါက်ဆွဲ ခြောက်၊ ဆပ်ပြာ၊ ကော်ဖီမစ်အစရှိ သည့် လူသုံးကုန်ပစ္စည်းများ သွား ရောက်လှူဒါန်းခဲ့ကြောင်း သိရ သည်။

မြင့်သိန်း(လှိုင်သာယာ)