အောင်လံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

 

စက်တင်ဘာ ၂

မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် ပါတီရုံးတွင် ဆရာတော်သံဃာတော်ကြီးများအားပင့်ဖိတ်၍ နေ့ဆွမ်းကပ်လှူခဲ့ပြီး၊ဝါဆိုသင်္ကန်းများ၊ လှူဖွယ်ဝတ္ထုများလည်း ဆက်ကပ် လှူဒါန်းခဲ့ကြပါသည်။

အောင်လံမြို့နယ် ပါတီကော်မတီအဖွဲ့ဝင်များ၊ ပါတီဝင်များနှင့်အတူ ပါတီဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဌ ဒေါက်တာမောင်မောင်ဌေး ၊ အတွင်းရေးမှူး ဦးဆန်းညွန်းအောင်နှင့် ကော်မတီဝင်များ တက်ရောက်ပြီး ဆရာတော်ကြီးများထံမှ တရာတော်များကို အတူတကွ နာယူခဲ့ ကြပါသည်။