ဆီဆိုင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ နှစ်(၇ဝ)မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အလွတ်တန်းဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

 

ဆီဆိုင်မြို့နယ် မြို့နယ်အား ကစားကွင်းတွင် နှစ်(၇ဝ)မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဆီဆိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဖလား (အလွတ်တန်း)ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲကကျင်းပရာ ပြိုင်ပွဲ ဝင်ဘောလုံးအသင်းများ ကွင်း အတွင်းနေရာယူပြီးနောက် ရှမ်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တောင်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)၊ ပြည်နယ်ပါတီကော်မတီဝင် ဦးခွန်သူရအောင်နှင့်ဆီဆိုင်မြို့နယ် ပါတီဥက္ကဋ္ဌဦးတင်မိုးအောင်တို့က အဖွင့်အမှာစကားပြောကြားပြီး နောက် အားကစားသမားများက အားကစားအဓိဋ္ဌာန်(၄)ချက်ကိုရွတ် ဆိုကြပြီး အခမ်းအနားအစီအစဉ်ကို ခေတ္တရပ်နားကာ တိုင်းရင်းသား များက ရိုးရာအကများဖြင့်ဖျော်ဖြေ ကြသည်။

မွန်းလွဲ ၃ နာရီတွင် ကွင်း အတွင်းသို့ ယှဉ်ပြိုင်ကစားကြမည့် နောင်မွန် ဘောလုံးအသင်းနှင့် အောင်ဆန်းလူငယ်ဘောလုံးအသင်း မှ ကစားသမားများနေရာယူကြ ပြီးနောက် အားကစားသမားများ အား ပြည်နယ်လွှတ်တော်ကိုယ် စားလှယ် ဦးခွန်သူရအောင်နှင့် အတူ သက်ဆိုင်ရာတာဝန်ရှိသူ များက လိုက်လံနှုတ်ဆက်ကြပြီး ကယန်းတိုင်းရင်းသူများနှင့် ပအိုဝ်း တိုင်းရင်းသူများက အားကစား သမားများအား ပန်းစည်းများ ကမ်းပေးကြပြီးနောက် မြို့နယ် အုပ်ချုပ်ရေးမှူးက ဘောလုံးကို ကွင်းအတွင်းသို့ကန်သွင်းပြီး ပြိုင်ပွဲ ကိုစတင်ကျင်းပခဲ့သည်။

ယခုကျင်းပသည့်ပြိုင်ပွဲတွင် အသင်းပေါင်း ၂၁ သင်းယှဉ်ပြိုင် သွားမည်ဖြစ်ပြီး ပထမဆုကျပ်သုံး သိန်း၊ ဒုတိယဆုကျပ်နှစ်သိန်းနှင့် ဆုဖလားများပေးအပ်ချီးမြှင့်သွား မည်ဖြစ်ကြောင်းနှင့် ယမန်နေ့ည ယှဉ်ပြိုင်ကစားသည့်ပွဲတွင် နောင်မွန် အသင်းက အောင်ဆန်းလူငယ် ဘောလုံးအသင်းအား နှစ်ဂိုးဂိုးမရှိ ဖြင့်အနိုင်ရရှိသွားသည်။

သန်းထူး(တောင်ကြီး)