လီဗာပူးဂိုးသမား ကားရီးယပ်စ် ဘီဆစ်တပ်သို့ အငှားဖြင့်ပြောင်းရွှေ့

လီဗာပူးဂိုးသမား ကားရီးယပ်စ်ဟာ ဘီဆစ်တပ်အသင်းကို ၂ နှစ်အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပြီလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ မမှားသင့်တဲ့ အမှားတွေကတဆင့် ဂိုးတွေပေးခဲ့ရပြီးနောက် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ကားရီးယပ်စ်ဟာ အသင်းကနေ ပြောင်းရွှေ့ဖို့ အစောပိုင်းကတည်းက သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။

ဒီနောက် အသင်းကို ဘရာဇီးလ်ဂိုးသမား အယ်လီဆင်ဟာ အသင်းကို ကမ္ဘာ့စံချိန်တင် ဂိုးသမား ပြောင်းရွှေ့ကြေးနဲ့အတူ ရောက်ရှိခဲ့ပြီးတဲ့နောက် တရားဝင် အသင်းပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။ အစ္စတန်ဘူလ်လေဆိပ်ကို ကားရီးယပ်စ် ရောက်ရှိချိန်မှာတော့ ဘီဆစ်တပ်အသင်း ပရိသတ် ထောင်ပေါင်းများစွာက ကြိုဆိုခဲ့ကြပါတယ်။

ကားရီးယပ်စ်အနေနဲ့လည်း သူ့ရဲ့အမှားတွေကို ပြန်လည်ပြင်ဆင်ပြီး အသင်းသစ်နဲ့အတူ ပျော်ရွှင်နေတဲ့ပုံစံ ဖြစ်နေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

-Ref; Sky sports