မော်ရင်ဟို အား ပြန်လည်ခေါ်ယူရန် ရီးရဲလ်စဉ်းစား

ရီးရဲလ်မက်ဒရစ်အသင်းသည် မန်ယူအသင်းနည်းပြရာထူးမှ ထုတ်ပယ်ခံခဲ့ရသော မော်ရင်ဟို အား တစ်ကျော့ပြန် ခေါ်ယူရန် စဉ်းစားလျက်ရှိကြောင်း စပိန်နေ့စဉ်ထုတ်သင်းစာများက ဖော်ပြသည်။

မော်ရင်ဟို သည် ရီးရဲလ်မက်ဒရစ်အသင်းအား သုံးနှစ်ကြာ ကိုင်တွယ်ခဲ့ဖူးသူဖြစ်သည်။ ရီးရဲလ်မက်ဒရစ် အသင်းဥက္ကဌ ဦးဆောင်သည့်ဘုတ်အဖွဲ့သည် လက်ရှိအချိန်၌ ယာယီနည်းပြအဖြစ် တာဝန်ယူနေသော ဆိုလာရီ၏ နေရာတွင် မော်ရင်ဟို အား တစ်နှစ်လုပ်ခလစာ ပေါင် ၁၈ သန်းဖြင့် ပြန်လည်ခေါ်ယူရန် စီနေကြောင်း သတင်စားများ ထွက်ပေါ်လျက်ရှိသည်။ 

-Ref: Marca