ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် နွားလဝိုးကျေးရွာအုပ်စု ထေးပလော်ခူရွာတွင် ပါတီဝင်များနှင့်တွေ့ဆုံ

 

လွိုင်ကော် သြဂုတ် ၂၃

ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ နှင့် လွိုင်ကော်မြို့န ယ်နွားလဝိုးကျေးရွာအုပ်စု ထေးပလော်ခူရွာ ခန်းမဆောင်တွင် ယမန်နေ့ ညနေ ၅ နာရီက ပါတီဝင်များနှင့်သွား ရောက်တွေ့ဆုံခဲ့သည်။
ပထမဦးစွာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ကယားပြည်နယ် ပါတီဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်းက အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်ပြီး ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကော်မတီဝင် လွိုင်ကော်မြို့နယ်တာဝန်ခံ ဦးတင်ဦး၊ ပြည်နယ်ကော်မတီဝင် ဦးကျော်သင်း၊ လွိုင်ကော်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးမောင်ရွှေတို့က လက်ရှိနိုင်ငံရေးဖြစ်စဉ်များ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများအား ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာသောပါတီဝင်များက အသီးသီးထပ်မံဆွေးနွေးပြောကြားသွားသည်။
ယင်းနောက် ကယားပြည်နယ် ပါတီဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်းက နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
တွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်း၊ ပြည်နယ်ကော်မတီဝင် လွိုင်ကော်မြို့နယ်တာဝန်ခံ ဦးတင်ဦးနှင့် ဦးကျော်သင်း၊ ပြည်နယ်ကော်မတီဝင်ဦးမော်ရယ်၊ ဒေါ်ဗျားမြာမောင်၊ လွိုင်ကော်ခရိုင်ကော်မတီဝင် ဦးစူးရယ်၊ လွိုင်ကော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမောင်ရွှေနှင့် အတွင်းရေးမှူး ဦးကူးရယ်နှင့်မြို့နယ်ကော်မတီဝင်များ ရပ်ကျေးပါတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ထေးပလော်ခူရွာရှိ ပါတီဝင်များ စုစုပေါင်း အင်အား ၆ဝ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

မမောင်(ချိကယ်သူ)