ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပန်ကန်းကျေးရွာအုပ်စု မှုံပြာရွာ ခန်းမဆောင်တွင် ပါတီဝင်များနှင့် သွားရောက်တွေ့ဆုံ

 

လွိုင်ကော် – သြဂုတ် ၂၃

ယနေ့ (၂၃-၈-၂၀၁၈) ရက်နေ့ ညနေ (၅း၀၀) နာရီ အချိန်ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီနှင့် လွိုင်ကော်မြို့နယ်ပန်ကန်းကျေးရွာအုပ်စု မှုံပြာရွာ ခန်းမဆောင်တွင် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် သွားရောက် တွေ့ဆုံပါသည်။
ပထမဦးစွာ ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ယာယီအတွင်းရေးမှူး ဦးကျော်မြင့်မှ အဖွင့်အမှာစကား ပြောကြားသွားပါသည်။
ဆက်လက်ပြီး ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကော်မတီဝင် ဦးတင်ဦး(လွိုင်ကော်မြို့နယ် တာဝန်ခံ)ပြည်နယ်ကော်မတီဝင် ဦးကျော်သင်း လွိုင်ကော်မြို့နယ် ပါတီဥက္ကဌ ဦးမောင်ရွှေတို့က လက်ရှိနိုင်ငံရေး ဖြစ်စဉ်များ ပြည်ခိုင်ဖြိုးပါတီ ဆောင်ရွက်နေမှုအခြေအနေများ နိုင်ငံရေး စီးပွါးရေး လူမှုရေးအခြေအနေ များအား ရှင်းလင်းဆွေးနွေး သွားပြီးတက်ရောက်လာကြသောပါတီဝင်များမှ အပြန်အလှန် ထပ်မံ ဆွေးနွေးကြပါသည်။
ယင်းနောက် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ယယီအတွင်းရေးမှူး ဦးကျော်မြင့်မှ နိဂုံးချုပ်အမှာ စကားပြော ကြား သွားပါသည်။
၎င်းတွေ့ဆုံပွဲသို့ ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ယာယီ အတွင်းရေးမှူး ဦးကျော်မြင့် ပြည်နယ်ကော်မတီဝင် လွိုင်ကော်မြို့နယ်တာဝန်ခံ ဦးတင်ဦးနှင့် ဦးကျော်သင်း ပြည်နယ်ကော်မတီဝင် ဒေါ်ဗျားမြာမောင် လွိုင်ကော်ခရိုင် ကော်မတီဝင် ဦးစူးရယ် လွိုင်ကော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးမောင်ရွှေနှင့်မြို့နယ်ကော်မတီ ဝင်များ ရပ်ကျေးပါတီဥက္ကဌနှင့် အဖွဲ့ဝင်များ မှုံပြာရွာရှိ ပါတီဝင်များ စုစုပေါင်းအင်အား (၆၀) ကျော် တက်ရောက်ကြောင်း သတင်းရရှိသည်။

ထာဝရ မြေချစ်သူ