တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်းကပ်လှူပွဲ အဖျောက်ဒေသပါတီရုံး၌ ကျင်းပ

ရန်ကုန်၊ သြဂုတ် ၁၅

တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီက တိုက်ကြီးမြို့နယ် အဖျောက်ဒေသ ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဘုရားအမှူးပြု၍ ကြွရောက်တော်မူလာကြသော သံဃာတော် အရှင်မြတ်များထံမှ ရတနာမြတ်သုံးပါးနှင့် တကွ ငါးပါးသီလ ခံယူဆောက်တည်ကာ အနုမောဒနာတရား နာကြားကြသည်။

ယင်းနောက် သံဃာတော်အရှင်မြတ်များအား ပြည်ခိုင်ဖြိုးပါတီတာဝန်ရှိသူများက ဝါဆိုသင်္ကန်းနှင့် အခြားလှူဖွယ် ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခြင်း၊ နေ့ဆွမ်းဆက်ကပ်ခြင်းများ ဆောင်ရွက်ကြကာ လှူဒါန်းမှုအစုစုနှင့် ကောင်းမှုကုသိုလ်တို့အား ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။

အဆိုပါအခမ်းအနားသို့ တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊ ပထမအကြိမ် တိုင်းဒေသကြီး အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီနာယက ဦးစိုးဝင်းမောင်၊ ပါတီအတွင်း ရေးမှူး ဦးကျော်လင်းဇော်နှင့် မြို့နယ်ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ လူငယ်အမျိုး သမီးအဖွဲ့များ၊ ပါတီဝင်များ၊ ရုံးအဖွဲ့များ၊မြို့မိမြို့ဖများနှင့် အခြားဖိတ်ကြား ထားသူများ တက်ရောက်ကြပြီး အခမ်းအနားကို မွန်းတည့် ၁၂ နာရီတွင်ရပ်နားခဲ့သည်။

တင်မောင်ဇော် (တိုက်ကြီး)