ရေတိုက်စားခြင်းကြောင့် ပျက်စီးသွားသောကျေးလက်လမ်းပြန်လည်ပြုပြင်ရန် ပဲခူးတိုင်းပြည်ခိုင်ဖြိုးပါတီမှ အလှူငွေများလှူဒါန်း

 

ပဲခူး သြဂုတ် ၁၃

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင် ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းတွဲဖက်တာ ဝန်ခံ ဦးလှသိန်းသည် တိုင်းဒေသ ကြီးပြည်ခိုင်ဖြိုးပါတီအတွင်းရေး မှူးဦးညီညီမြင့်၊ ပဲခူးခရိုင်ဥက္ကဋ္ဌ ဦးအောင်စိုး၊ ဝေါမြို့နယ် ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌဦးမောင်ယု၊အတွင်း ရေးမှူး ဦးသက်တိုးဝင်းတို့နှင့်အတူ ဝေါမြို့နယ် မြစ်ကျိုး-ဆင်ရွာကျေး ရွာသို့သွားရောက်ပြီး စစ်တောင်း မြစ်ရေတိုက်စားမှုကြောင့် ပျက်စီး သွားသော မြစ်ကျိုး-ဆင်ရွာသွား လမ်းအား ပြန်လည်ပြုပြင်ရန် အတွက်ယမန်နေ့နံနက်ပိုင်းကအလှူ ငွေကျပ်သိန်း ၃ဝ ကို ကျောင်းထိုင် ဆရာတော်အား အမှူးထားပြီး လမ်းကော်မတီထံပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။

ရေကြီးနစ်မြုပ်မှုကြောင့် ပျက် စီးသွားသော ဆင်ရွာကျေးရွာလမ်း ကို ပွင့်လင်းရာသီတွင် ပြန်လည် ပြုပြင်နိုင်ရန်အတွက် ပဲခူးတိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီက ငွေကျပ် ၁ဝသိန်း၊ ပါတီဗဟို ကော်မတီဝင်ဦးလှသိန်းက ငွေကျပ် သိန်း ၂ဝ စုစုပေါင်းငွေကျပ်သိန်း ၃ဝ ကိုကျောင်းထိုင်ဆရာတော်အား အမှူးထား၍ လမ်းကော်မတီထံ သို့ သွားရောက်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါလမ်းသည် ၂ဝဝ၉ ခုနှစ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးအသင်းလက်ထက်၌ စတင်ဖောက်လုပ်၍ လမ်းအူ ကြောင်းဖော်ခဲ့ပြီး ၂ဝ၁၃-၂ဝ၁၄ ခုနှစ်တွင် တည်ဆောက်ရေး (၆) မှ ရေထိန်းတာ/လမ်းပုံစံ ဆောင် ရွက်ပေးခဲ့ရာ ဆရာတော်နှင့်ရွာသူ ရွာသားများ၏ ဆောင်ရွက်မှုဖြင့် ဂဝံလမ်း ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တင်စိုး(ပဲခူး)