ကျောက်တန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

 

ရန်ကုန် သြဂုတ် ၁၂

ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းမ တွင် ဝါဆိုသင်္ကန်း ဆက်ကပ်လှူ ဒါန်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၅ နာရီတွင် ကျင်းပခဲ့သည်။
အဆိုပါ ဝါဆိုသင်္ကန်းဆက် ကပ်လှူဒါန်းပွဲတွင်စံချိန်မီရပ်ကွက် ရှိ ဇဋိလာရာမကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တဇဋိလထံမှငါးပါး သီလခံယူဆောက်တည်ကြပြီးပရိတ် တရားနာယူကာ ရေစက်သွန်းချ အမျှအတန်းပေးဝေခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌ ဦးမောင်မောင်တာ နှင့် ကော်မတီဝင်များက ဝါဆို သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုအသီသီး တို့ကို ဆရာတော် သံဃာတော် ငါးပါးတို့အား ဆက်ကပ်လှူဒါန်း ကြသည်။
ထို့နောက် ဆရာတော်သံဃာ တော်များအား အရုဏ်ဆွမ်းဆက် ကပ်လှူဒါန်းပြီး ဖိတ်ကြားထား သော ဧည့်သည်တော်များအား အုန်းနို့ခေါက်ဆွဲ၊လက်ဖက်ရည်နှင့် မုန့်များဖြင့် ဧည့်ခံလှူဒါန်းကျွေး မွေးခဲ့ကြောင်း သိရသည်။

ကိုကျောက်တန်း