ပြည်နယ်ပါတီ နှင့် ရှားတောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး

 

ရှားတော – သြဂုတ် ၁၃

ယနေ့ (၁၃-၈-၂၀၁၈) ရက်နေ့ နံနက် (၉း၃၀) နာရီ မှ( ၁၂း၀၀) နာရီအချိန်အထိ ကယားပြည်နယ် ရှားတောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီရုံး အစည်းအဝေးခန်းမတွင် ပြည်နယ် လွိုင်ကော်ခရိုင်နှင့် ရှားတောမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ကာ ရှားတောမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရှေ့ဆက်ရမည့် လုင်ငန်းများအတွက်အသေးစိတ် ဆွေးနွေးကြ ပါသည်။
ပထမဦးစွာ ပြည်ခိုင်ဖြိုးပါတီ(ဗဟိုအလုပ်အမှု ဆောင်) ပြည်နယ်ပါတီဥက္ကဌ ဦးပိုးရယ်အောင်သိန်းမှ အဖွင့် အမှာစကားပြောကြားသွားပါသည်။
ဆက်လက်ပြေီး ပြည်နယ်ယာယီအတွင်းရေးမှူး ဦးကျော်မြင့်ပြည်နယ်ကော်မတီဝင် ဦးတင်ဦး ရှားတောမြို့နယ်တာဝန်ခံများ ဖြစ်ကြသည့် ဦးရဲဝင်းနှင့်တို့က အသီးသီးဆွေးနွေး သွားပါသည်။
ယင်းနောက် လွိုင်ကော်ခရိုင်အတွင်းရေးမှူး ရှားတောမြို့နယ် ဥက္ကဌနှင့် မြို့နယ်ကော်မတီဝင်များ ကအသီးသီးအပြန်အလှန်ဆွေးနွေးသွားပါသည်။
ထို့နောက် ပြည်နယ်ကော်မတီဝင် ရှားတောမြို့နယ် တာဝန်ခံ ဦးရဲဝင်းမှ ရှားတောမြို့နယ် လူငယ်တာဝန်ခံ ကိုတာရယ်ထံသို့ ဘော်လုံး(၂)လုံး ပေးအပ်လှူဒါန်း သွားပါသည်။
ဆက်လက်ပြီး ပြည်နယ်ပါတီဥက္ကဌ ဦးပိုးရယ်အောင်သိန်းမှ နိဂုံးချုပ်အမှာစကား ပြောကြား သွားပါသည်။
၎င်းအစည်းအဝေးသို့ ပြည်ခိုင်ဖြိုးပါတီ (ဗဟိုအလုပ်အ မှုဆောင်)ပြည်နယ်ပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်း ယာယီအတွင်းရေးမှူး ဦးကျော်မြင့် ပြည်နယ်ကော်မတီ ဝင်များဖြစ်ကြသော ဦးတင်ဦး ဒေါ်ဗျားမြာမောင် ရှားတောမြို့နယ် တာဝန်ခံများ ဖြစ်ကြသည့် ဦးဌေးရယ်နှင့် ဦးရဲဝင်း မယ်စဲ့မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးလောရင်း ဖါးဆောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးခင်မောင်ညို ဘောလခဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးဟန်ထူး ရှားတော မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးပေါလူ အတွင်းရေးမှူး ဒေါ်အန်ဂျလေးနာမလေးနှင့် မြို့နယ်ကော်မတီဝင်များ စုစုပေါင်းအင်အား (၂၅) ဦး တက်ရောက်ကြောင်း သတင်းရရှိသည်။

ထာဝရ ထာဝရနြေချစ်သူ မြေချစ်သူ