ပါတီဝင်​အဆိုပြုလွှာစု​ပေါင်း​ပေးအပ်​ပွဲသို့ ဗဟိုအတွင်း​ရေးမှူး တက်​​ရောက်​အား​ပေးပြီး ဂုဏ်​ပြုကြိုဆိုနှုတ်​ခွန်းဆက်​စကား ​ပြောကြား

 

ရေနံ​ချောင်း၊ သြဂုတ်​၊ ၉

ပါတီဝင်​အဆိုပြုလွှာစု​ပေါင်း​ပေးအပ်​ပွဲအခမ်းအနားကို ယ​နေ့ ၀၉း ၀၀ နာရီအချိန်​တွင်​ မ​ကွေးတိုင်း​ဒေသကြီး မ​ကွေးခရိုင်​၊ ​ရေနံ​ချောင်းမြို့နယ်​ သူ​ဌေးကုန်းရပ်​ကွက်​ ယာကြီးပြင်​ရပ်​၊ ရန်​​အောင်​မြင်​ဓမ္မာရုံ၌ ကျင်းပပြုလုပ်​ရာ အခမ်းအနားသို့ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ဗဟိုအတွင်း​ရေးမှူး၊ မ​ကွေးတိုင်း​ဒေသကြီးတာဝန်​ခံ ဦးပိုက်​​ထွေး၊ ဗဟိုအလုပ်​အမှု​ဆောင်​၊ တိုင်း​ဒေသကြီးပါတီဥက္ကဌ ​ဒေါက်​တာ​မောင်​​မောင်​​ဌေး၊ အတွင်း​ရေးမှူး ဦးဆန်းညွန့်​​အောင်၊ တိုင်းပါတီ​ကော်​မတီဝင်​များဖြစ်​ကြ​သော ဦးဟန်​​မောင်​၊ ဦး​စောဝင်း​မောင်​၊ဦး​အောင်​နိုင်​၊ မ​ကွေးခရိုင်​ပါတီဥက္ကဌ ဦးထွန်းရှိန်​၊ ခရိုင်​ပါတီ​ကော်​မတီဝင်​ ဦး​အောင်​နိုင်၊ မြို့နယ်​ပါတီဥက္ကဌ ဦး​အောင်​နိုင်​ဝင်းနှင့်​ မြို့နယ်​ပါတီ​ကော်​မတီဝင်​များ၊ ရပ်​​ကျေးပါတီဥက္ကဌများ၊ ပါတီဝင်​များ စုစု​ပေါင်း အင်​အား ၃၀၀ ဦးခန့်​ တက်​​ရောက်​ခဲ့ကြပါသည်​ ။
အခမ်းအနားကို နိုင်​ငံ​တော်​အလံအ​လေးပြုခြင်း၊နိုင်​ငံ​တော်​သီချင်းသီဆိုခြင်းတို့ဖြင့်​ ဖွင့်​လှစ်​ခဲ့ပြီး မြို့နယ်​ပါတီဥက္ကဌမှ အခမ်းအနားကျင်းပရခြင်းနှင့် ပတ်​သက်​၍ ရှင်းလင်းခြင်း၊ ပါတီဝင်​များကိုယ်​စား ရပ်​ကွက်​ပါတီဝင်​တစ်​ဦးမှ ပါတီဝင်​အဆိုပြုလွှာများ ​ပေးအပ်​ရာ မြို့နယ်​ပါတီဥက္ကဌမှ လက်​ခံရယူခြင်း၊ ပါတီဝင်​​ကြေးများအား မြို့နယ်​ပါတီအတွင်း​ရေးမှူးမှ လက်​ခံရယူခြင်း၊ ​ဒေသခံပြည်​သူတစ်​ဦးမှ ပြည်​ခိုင်​ဖြိုးပါတီသို့ ဝင်​​ရောက်​လာရခြင်းနှင့်ပတ်​သက်​၍ ရှင်းလင်းတင်​ပြခြင်း၊ ဗဟိုအတွင်း​ရေးမှူးမှ ကြိုဆိုနှုတ်​ခွန်းဆက်​စကား မ​ကွေးတိုင်း​ဒေသကြီးပါတီဥက္ကဌမှ နှုတ်​ခွန်းဆက်​စကား ​ပြောကြားခြင်း၊ တိုင်းပါတီ​ကော်​မတီဝင်​ ဦးဟန်​​မောင်​မှ ပါတီမူဝါဒနှင့် လုပ်​ငန်းစဉ်​များ ရှင်းလင်းခြင်း၊ ပါတီဝင်​အသစ်​များအား ရင်​ထိုးတံဆိပ်​တပ်​ဆင်​​ပေးခြင်းများ ​ဆောင်​ရွက်​ကြပြီး ၁၁း ၅၀ နာရီအချိန်​တွင်​ အခမ်းအနားပြီး​မြောက်​ခဲ့​ကြောင်းနှင့် ​​ရေနံ​ချောင်း မြို့​ပေါ် ၁၄ ရပ်​ကွက်​တွင်​ ၆ ရပ်​ကွက်​မှ ပါတီဝင်
အသစ်​ ၃၁၅ ဦး ဝင်​​ရောက်​လာခြင်းဖြစ်​ပြီး ကျန်​ ၈ ရပ်​ကွက်​ရှိ ပါတီအသစ်​များ ဝင်​​ရောက်​လာမှုအား စစ်​စစ်​ပြုလုပ်​၍ အခမ်းအနားကျင်းပပြုလုပ်​ဦးမှာ ဖြစ်​​ကြောင်း သိရှိရသည်​ ။

‌မင်း​ဇော်