ကမာရွတ်နှင့်ဗဟန်းပြည်ခိုင်ဖြိုးပါတီဝင်များပြည်သူထံအရောက်ကွင်းဆင်းစည်းရုံး

 

ရန်ကုန်တိုင်းဒေသကြီး ကမာ ရွတ်မြို့နယ်နှင့်ဗဟန်းမြို့နယ်ပါတီ ဝင်များသည် မတ်၂၃ရက် နံနက် က ကမာရွတ်မြို့နယ်အမှတ် ၆၊ ၇၊ ၈ ရပ်ကွက် သုံးရပ်ကွက်သို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် လောင်း ဦးခင်မောင်အေး၊ ရန်ကုန် အနောက်ပိုင်းခရိုင် ဘဏ္ဍာရေးမှူး ဦးမိုးဝင်းကျော်၊ ခရိုင်ကော်မတီဝင် ဦးမျိုးမင်းသိန်း၊ ကမာရွတ်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးမျိုးအောင်၊ ဗဟန်း မြို့နယ်ဥက္ကဋ္ဌ ဦးကျော်စိုးတို့နှင့်အတူ မဲဆန္ဒရှင်ပြည်သူများထံ တစ်အိမ် တက်ဆင်း သွားရောက်၍ မဲဆွယ် စည်းရုံးခဲ့ကြကြောင်း သိရသည်။

ဗိုလ်စော(ကမာရွတ်)