အင်ဒိုတွင် ငလျင်လှုပ်အပြီး ကျွန်းပေါ်ရှိ လေဆိပ်တွင် ခရီးသည်ထောင်ချီ သောင်တင်နေ

အင်ဒိုနီးရှားနိုင်ငံ လွမ်ဘော့ကျွန်းမှာ ပြင်းအား ရစ်ခ်ျတာစကေး ၇ ရှိတဲ့ငလျင် သြဂုတ် ၅ ရက်နေ့က လှုပ်ခတ်အပြီး ထောင်နဲ့ချီတဲ့ ခရီးသည်တွေ ကျွန်းပေါ်က လေဆိပ်မှာ သောင်တင်နေပါတယ်။ ကျွန်းပေါ်မှာ ငလျင်လှုပ်ပြီး တည်းက မြေပြင်တုန်ခါမှု အကြိမ်တရာကျော် ခံစားခဲ့ရတာပါ။ နောက်ထပ် ပြင်းအား ရစ်ခ်ျတာစကေး ၆ ထိရှိတဲ့ မြေပြင်တုန်ခါမှုတွေ ခံစားရလိမ့်ဦးမယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။

လေဆိပ်ထဲမှာ သောင်တင်နေတဲ့ ခရီးသည်တွေထဲက အယောက် တရာလောက်ကတော့ တရုတ်နိုင်ငံသားတွေပါ။

ငလျင်ကြောင့် ခရီးစဉ် ပျက်ရတယ်လို့ ခရီးသည်တဦးက ပြောပါတယ်။ သြဂုတ် ၅ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူဦးရေဟာ ၉၈ ဦးထိ ရောက်သွားပါပြီ။

ကျွန်းရဲ့ မြောက်ပိုင်းက အဆိုးရွားဆုံး ထိခိုက်ခဲ့တဲ့ ဒေသမှာ ကယ်ဆယ်ရေးသမားတွေ မရောက်သေးတာကြောင့် သေဆုံးသူဦးရေ မြင့်တက်နိုင်တယ်လို့ စီစီတီဗွီ သတင်းဌာနက ထုတ်ပြန်ထားပါတယ်။ 

DVB