တပ်ကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်ကျေးလပတ်ညှိနှိုင်းအစည်းအဝေးကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တပ်ကုန်းမြို့နယ် မြို့နယ်ကော်မတီနှင့် ရပ်/ကျေး ကော်မတီအဖွဲ့များ လစဉ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကိုယနေ့နံနက် ၁ဝ နာရီက မြို့နယ်ပါတီရုံးအစည်း အဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ ပြည်ခိုင်ဖြိုး ပါတီပြည်ထောင်စုနယ်မြေအတွင်း ရေးမှူးဦးဌေးဝင်း၊ ပြည်ထောင်စု နယ်မြေကော်မတီဝင် မြို့နယ် တာဝန်ခံ ဦးဖေအံ့မောင်၊ နေပြည် တော်ခရိုင်ပါတီဥက္ကဋ္ဌဦးအောင်နိုင် ဦး၊ နေပြည်တော်ခရိုင် ပါတီကော် မတီဝင်နယ်မြေတာဝန်ခံ ဦးဇော်မျိုး သိန်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဝင်း ဗိုလ်နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးဥက္ကဋ္ဌများနှင့် ကော်မတီ ဝင်များ လူငယ်အဖွဲ့ဝင်များဖြင့် အင်အား ၆ဝ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ထောင်စုနယ် မြေအတွင်းရေးမှူးက အဖွင့်နှုတ် ခွန်းဆက်စကားပြောကြားခဲ့ပြီး ပါတီလုပ်ငန်းဆိုင်ရာများ ပါတီဖွဲ့ စည်းထားရှိမှုနှင့် ပါတီအောင်နိုင် ရေးရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ ပြီးနယ်မြေတာဝန်ခံဦးဖေအံ့မောင် ကသတင်းမီဒီယာ၊ နိုင်ငံစီးပွားရေး နှင့် ပါတီလုပ်ငန်းဆောင်ရွက်ရန်ရှိ သည်များကို ဆွေးနွေးခဲ့သည်။ ထို့ နောက် ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင် နိုင်ဦးကNCA/R2Pနှင့်ရခိုင်အရေး ရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်း ခြင်း ယနေ့နိုင်ငံရေး၊ဘာသာရေးတို့ ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်ကြ သော ရပ်/ကျေးဥက္ကဋ္ဌနှင့် ကော် မတီဝင်များ၊ လူငယ်အဖွဲ့ဝင်များ၏ တင်ပြမှုများကို ပြည်ထောင်စုနယ် မြေနှင့်ခရိုင်က ရင်ရင်းနှီးနှီးပေါင်း စပ်ဖြည့်ဆည်းညှိနှိုင်းဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

အောင်အောင်