ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ လူငယ်တာဝန်ခံများနှင့်တွေ့ဆုံ

 

ရန်ကုန် ဇူလိုင် ၃၁

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီကော်မတီရုံးတွင် ယနေ့မွန်းလွဲ ၁၂ နာရီခွဲက ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင် မြို့နယ် ပါတီလူငယ်တာဝန်ခံများနှင့်တွေ့ဆုံ၍ လူငယ် လှုပ်ရှားမှုများ သွက်လက်ထိရောက်လာစေရေးအတွက် သြဝါဒစကားပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသ ကြီးပါတီဥက္ကဋ္ဌဦးခင်မောင်စိုး၊ ဗဟိုကော်မတီဝင် တိုင်းဒေသကြီး အတွင်းရေးမှူးဦးသာဝင်းနှင့် ဗဟိုကော်မတီဝင်များ၊ တိုင်းဒေသကြီး ပါတီ ကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဋ္ဌများနှင့် ခရိုင်နှင့်မြို့နယ် လူငယ်တာဝန်ခံများ တက်ရောက်ကြသည်။

အစီအစဉ်အရ ပါတီဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုးက သြဝါဒစကားပြောကြားရာတွင် ပြည်ခိုင်ဖြိုးပါတီလူငယ်ညီလာခံ ပြုလုပ်ရခြင်းမှာ ပါတီ၏ပြန့်ကျဲနေသော လူငယ်အင်အားစုများကို ပြန်လည်စည်းရုံးနိုင်ရန်အတွက် လူငယ်ညီလာခံကျင်းပရခြင်းဖြစ် ကြောင်း၊ ပြည်ခိုင်ဖြိုးပါတီမှ ကော်မတီဝင်များ၊ ခေါင်းဆောင်များ သည် လူငယ်များနှင့် ပေါင်းစည်း၍ လုပ်ဆောင်ရန်လိုအပ်ကြောင်း၊ လူငယ်များတက်တက်ကြွကြွပါဝင်၍ စိတ်သစ်လူသစ်နှင့်သွေးသစ် လောင်း၍ အားအင်အပြည့်ဖြင့် ဆောင်ရွက်ကြဖို့လိုအပ်ကြောင်း၊ ပါတီခေါင်းဆောင်များမှလည်း အရည်အချင်းပြည့်ဝသည့် လူငယ် များကို မွေးမြူထားပြီး မိမိတို့တာဝန်များကို လက်ဆင့်ကမ်းတာဝန် ထမ်းဆောင်နိုင်ရန်အတွက် လေ့ကျင့်တာဝန်ပေးထားရမည်ဖြစ် ကြောင်း ပြောကြားသည်။
ဆက်လက်၍ ခရိုင်လူငယ်တာဝန်ခံများ၊ မြို့နယ်လူငယ်တာဝန်ခံ များမှ ဆောင်ရွက်ရန်လုပ်ဆောင်ထားသည်များကို တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီးပါတီလူငယ်တာဝန်ခံ ဒေါ်မိုးမိုးအိက ရန်ကုန်တိုင်းဒေသကြီး လူငယ်အဖွဲ့နှင့်ပဲခူးတိုင်းဒေသကြီး လူငယ် အဖွဲ့တို့ချိတ်ဆက်ပြီးရေဘေးဒုက္ခသည်များကူညီပေးနိုင်ရေးဆောင် ရွက်ထားမှုများကိုဆွေးနွေးပြီး ပါတီဗဟိုအလုပ်အမှုဆောင် တိုင်း ဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးကနိဂုံးချူပ်အမှာစကားပြော ကြားပြီး တွေ့ဆုံပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ထိန်ဝင်း(YGN)