တမူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီနယ်မြေကွင်းဆင်း ဒေသခံပါတီဝင်များနှင့်တွေ့ဆုံ

 

တမူး ဇူလိုင် ၃၁

စစ်ကိုင်းတိုင်းဒေသကြီး တမူး ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင် မောင်ရွှေနှင့်အဖွဲ့သည် ယမန်နေ့ ညနေပိုင်းက မန်မော်ကျေးရွာသို့ သွားရောက်ကာ ပါတီဝင်များနှင့် တွေ့ဆုံသည်။

ခရိုင်ပါတီဥက္ကဋ္ဌက လက်ရှိ ဖြစ်ပေါ်နေသော မြန်မာ့နိုင်ငံရေး အခြေအနေနှင့် ပြည်ခိုင်ဖြိုးပါတီ အကြီးအကဲ၏ သဘောထားများ၊ ပါတီရေးရာကိစ္စများ၊ ပြည်ခိုင်ဖြိုး ပါတီ၏ဒေသအကျိုးအတွက်ဆောင် ရွက်နေမှုများကို ရှင်းလင်းဆွေးနွေး ပြီး တက်ရောက်လာသူများ၏ မေး မြန်းတင်ပြချက်များကို ပြန်လည် ရှင်းလင်း ညှိနှိုင်းပေါင်းစပ်ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုကိုရွှေ