ပြည်နယ်ပါတီ ဥက္ကဌ နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေး ကော်မတီဝင်များနှင့် တွေ့ဆုံ

13394040_393201127521687_1619765359152741809_n

မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးအုန်းမြင့် သည် ယနေ့ ဇွန်(၈)ရက်နေ့၊ နေ့လည်(၁၂:၀၀)နာရီချိန်မှ မွန်းလွဲ(၁၃:၃၀)နာရီချိန်ထိ မုဒုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ မြို့နယ်ပါတီဥက္ကဌ၊ မြို့နယ်အတွင်းရေးမှူး၊ မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် ပြည်နယ်ပါတီဥက္ကဌမှ ပါတီရှေ့ဆက် ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊မြို့နယ်မျက်နှာစုံညီပြုလုပ်မည့် လုပ်ထုံး လုပ်နည်းများနှင့် ရပ်/ကျေး ပြန်လည်ဖွဲ့စည်းပြီးစီးမှု အပေါ် ကျေနပ်မှု ရှိ/မရှိ တက်ရောက်လာသူများအား မေးမြန်ခဲ့သည်၊ တွေ့ဆုံပွဲကို ပြည်နယ်ပါတီအတွင်းရေးမှူး ဦးသန့်ဇင်၊ ပြည်နယ်ကော်မတီဝင် ဦးမျိုးမင်းလှိုင်၊ ဦးလွင်မိုး၊ ဦးဇော်မြင့်(မုဒုံတာဝန်ခံ)နှင့် မြို့နယ် ဥက္ကဌ၊အတွင်းရေးမှူး၊ မြို့နယ်ကော်မတီဝင်များနှင့် ရပ်/ကျေး ကော်မတီဝင်များ စုစုပေါင်းအင်အား( ၇၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

မုဒုံ သား


Leave a Reply