ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီနှင့် ဘောလခဲခရိုင် ဘောလခဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ တွေ့ဆုံပွဲ

ဘောလခဲ၊ ဇူလိုင် ၁၅

ယနေ့ (၁၅-၇ -၂၀၁၈) ရက်နေ့ နံနက် (၁၀း၄၅) နာရီအချိန် ကယားပြည်နယ် ဘောလခဲခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမတွင် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီနှင့် ဘောလခဲခရိုင် ဘောလခဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ တွေ့ဆုံကာ ပါတီလုပ်ငန်းကိစ္စရပ်များ လုပ်ဆောင်ခဲ့သည့် လုပ်ငန်းများ ရှေ့ဆက်လက်လုပ်ဆောင်ရမည့် ပါတီလုပ်ငန်းများ အသေးစိတ်ဆွေးနွေးခဲ့ကြပါသည်။

ပထမဦးစွာ ပြည်ခိုင်ဖြိုးပါတီ (ဗဟိုအလုပ်အမှုဆောင်) ပြည်နယ်ပါတီဥက္ကဌ ဦးပိုးရယ်အောင်သိန်းမှ အဖွင့်အမှာစကား ပြောကြားသွားပါသည်။ ယင်းနောက် ဘောလခဲမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်သန်းက ဆွေးနွေးပြောကြား သွားပါသည်။
ဆက်လက်ပြီး ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကော်မတီဝင်များဖြစ်ကြသောဦးကျော်သင်း ဦးရဲဝင်းနှင့် ဘောလခဲခရိုင် ပါတီကော်မတီဝင် ဦးလှမောင် ပြည်နယ်ပါတီယာယီ အတွင်းရေးမှူ ဦးကျော်မြင့် ဘောလခဲမြို့နယ် ပါတီဥက္ကဌ ဦးစိုးရယ် (ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်) တို့က အသီးသီး ဆွေးနွေးပြောကြားသွားပါသည်။
ဆက်လက်ပြီး ပြည်ခိုင်ဖြိုးပါတီ (ဗဟိုအလုပ်အမှုဆောင်) ကယားပြည်နယ်ပါတီဥက္ကဌ ဦးပိုးရယ်အောင်သိန်းမှ နိဂုံးချုပ် အမှာစကား ပြောကြားသွားပါသည်။

အဆိုပါ အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ (ဗဟိုအလုပ်အမှုဆောင် ) ကယားပြည်နယ်ပါတီဥက္ကဌ ဦးပိုးရယ်အောင် သိန်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်သန်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ဦးစိုးရယ်နှင့် ဦးအေးရွှေ၊ ပြည်နယ်ယာယီအတွင်းရေးမှူး ဦးကျော်မြင့်၊ ပြည်နယ်ကော်မတီဝင်များ ဖြစ်ကြသော ဦးရဲဝင်း၊ ဦးကျော်သင်း၊ ဦးအောင်နိုင်ဦး၊ ဒေါ်ဗျားမြာမောင်၊ ဒေါ်နန်းယဉ်သီတာထွေး၊ ကယားပြည်နယ် လူငယ်ရေးရာလုပ်ရှားမှုတာဝန်ခံ ဒေါ်နန်းစောရင်၊ ဘောလခဲခရိုင် ဥက္ကဌ ဦးအေးမောင်၊ အတွင်းရေးမှူး ဦးချစ်ဦးမောင်နှင့် ခရိုင်ကော်မတီဝင်များ၊ ဘောလခဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးစိုးရယ်၊ အတွင်းရေးမှူး ဦးဟန်ထူးနှင့်မြို့နယ်ကော်မတီဝင်များ လွိုင်ကော်မြို့နယ် မြို့နယ်ကော်မတီဝင် ဦးလင်းမြတ်ဦးနှင့် ဦးမင်းဇော်ဦး၊ ဘောလခဲမြို့နယ် ရပ်/ကျေးပါတီဥက္ကဌများ၊ ပါတီဝင်လူငယ်များ စုစုပေါင်း အင်အား (၅၀) ကျော် တက်ရောက်ခဲ့ကြပြီး နေ့လည် (၁၂း၁၅) နာရီတွင် တွေ့ဆုံပွဲ ပြီးမြောက်ကြောင်း သတင်းရရှိသည်။

ထာဝရ ထာဝရနြေချစ်သူ မြေချစ်သူ