တူရကီ ရထားလမ်းချော်တိမ်းမှောက်မှု ၁၀ ဦးသေဆုံးပြီး ၇၀ ကျော် ဒဏ်ရာရ

တူရကီနိုင်ငံ မြို့တော် အစ္စတန်ဘူလ်ကနေ ဘူလ်ဂေးရီးယားနိုင်ငံ နယ်စပ်က ကပိကူလေမြို့ကို ပြေးဆွဲတဲ့ ရထားတစီး ဇူလိုင် ၈ ရက်နေ့က လမ်းချော်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၁၀ ဦး သေဆုံးပြီး အယောက် ၇၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ခရီးသည် အယောက် ၃၆၀ ပါတဲ့ ရထားတွဲ ၆ တွဲ လမ်းချော်ခဲ့တယ်လို့ တီအာတီ ဟာဗာ ရုပ်သံက ပြောပါတယ်။

လမ်းချော်ရတဲ့ အကြောင်းရင်းကို မသိသေးပေမယ့် ရာသီဥတုဆိုးပြီး မြေပြိုနေတယ်လို့ အာဏာပိုင်တွေက အပြစ်တင်ထားပါတယ်။ တံတားတစီး ပြိုကျနေခဲ့လို့ မတော်တဆဖြစ်တာလို့လည်း စီအန်အန် တာ့ခ် (CNN Turk) သတင်းဌာနက အစီရင်ခံထားပါတယ်။  DVB