မလှိုင်မြို့၌ ပြည်ခိုင်ဖြိုးပါတီ ပါတီအလံသစ်တင်အခမ်းအနားကျင်းပ

 

မလှိုင် ဇူလိုင် ၃

မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့တွင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ အလံသစ်တင်အခမ်းအနား ကို ကျင်းပခဲ့ကြသည်။

ပါတီအလံသစ်တင် အခမ်း အနားကို မလှိုင်မြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးရှေ့ ဥပစာ၌ ယနေ့ နံနက် ၉ နာရီတွင် စတင်ကျင်းပခဲ့ပြီး နိုင်ငံတော်အလံ အား အလေးပြုခြင်း နိုင်ငံတော် သီချင်းသံပြိုင်သီဆိုခြင်းများပြုလုပ် ခဲ့သည်။

ပါတီအလံသစ်တင် အခမ်း အနားပြီးဆုံးချိန်တွင် မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ၏ လစဉ်ပုံမှန်အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။

မလှိုင်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီ၏ အလံသစ်လွှင့်တင်ခြင်း နှင့်လစဉ်ပုံမှန်အစည်းအဝေးအခမ်း အနားသို့ တိုင်းဒေသကြီး ပါတီ ကော်မတီဝင် ဦးရွှေနန်း၊ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးစိုးသိန်းနှင့် မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်/ကျေး ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ အမာခံ ကေဒါလူငယ်များ စုစုပေါင်းအင် အား ၁၅ဝခန့်တက်ရောက်ခဲ့သည်။

ဘိုဘို(မလှိုင်)