ဒဂုံမြို့သစ် (အရှေ့ပိုင်း) ပါတီကော်မတီဝင်များ ပါတီအောင်နိုင်ရေး လက်ကမ်းစာစောင်ဖြန့်ဝေ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ပါတီအောင်နိုင်ရေး ကော်မတီအဖွဲ့သည် ယမန်နေ့ နံနက် ၈ နာရီမှစတင်ကာ မြို့နယ်ပါတီအောင်နိုင်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ခိုင်၊ မြို့နယ်ကော်မတီဝင်များနှင့် ပါတီဝင်များ စုစုပေါင်း အင်အား ၅ဝ နှင့်အတူ အဝိုင်းကျေးရွာနှင့် မလစ် ကျေးရွာ အရှေ့ပိုင်းအတွင်းရှိ ဒေသခံ မိဘပြည်သူများထံ အဖွဲ့များဖြန့်ခွဲ၍ ၂ဝ၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် ရွေးချယ်ခံမည့် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ် စားလှယ်လောင်း ဦးနေလင်း၏ အောင်နိုင်ရေး လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း၊ ပါတီဝင်များမှ ပြည်သူ့အား ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များ၊ ပြည်သူတို့၏ သိရှိလိုသည့်အချက်များကို အပြန်အလှန် ရှင်းလင်းဆွေးနွေးခြင်းများကို ဆောင်ရွက်ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် အုတ်ဖိုစုကျေးရွာနှင့် အဝိုင်းကျေးရွာအား နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် လည်းကောင်း၊ ဆက်လက်၍ မလစ်ကျေးရွာအရှေ့ပိုင်းသို့ သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ကြ ကြောင်း သိရသည်။

စိုးမိုး(ဒဂုံအရှေ့)