ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ်တာဝန်ခံ နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်း (၂/၂ဝ၁၉) သင်တန်းဖွင့်ပွဲနှင့် ရေနွေးကြမ်းစကားဝိုင်းသို့ တက်ရောက် စာကြည့်တိုက်သို့ လှူဒါန်း

 

ကော့ကရိတ် မေ ၂၇

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် မိဂလုံကျေးရွာ ပါတီရုံးခွဲတွင် ကျင်းပသော နိုင်ငံရေးစီမံခန့်ခွဲမှု ဆင့်ပွားသင်တန်း အမှတ်စဉ် (၂/၂ဝ၁၉) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ယမန်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဌာနချုပ်မှ ဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ် တာဝန်ခံ ဦးသူရိန်ဇော်က တက်ရောက် အမှာစကား ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းကို သုံးရက်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသား ၇၈ ဦး တက်ရောက်ခဲ့ကြသည်။ သင်တန်း ဖွင့်ပွဲသို့ ပြည်နယ်ပါတီကော်မတီဝင် ဦးအောင်မြင့်သိန်း၊ ကော့ကရိတ် ခရိုင်ဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များ၊ ကော့ကရိတ်မြို့နယ်ဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီ ဥက္ကဋ္ဌများ စုစုပေါင်း အင်အား ၃၂ ဦး တက်ရောက် ခဲ့ကြသည်။ နံနက် ၁ဝနာရီက ကရင်ပြည်နယ် တာဝန်ခံ ဦးသူရိန်ဇော်သည် တောင်ကြာအင်း ကျေးရွာရှိ ရွာလယ်ခန်းမတွင် ကျေးရွာ ရပ်မိရပ်ဖ ၃၅ ဦးနှင့် ရေနွေးကြမ်းစကားဝိုင်း ပြုလုပ်ပြီး ကရင်ပြည်နယ် တာဝန်ခံ ဦးသူရိန်ဇော်က တောင်ကြာအင်း ကျေးရွာစာကြည့်တိုက်အတွက် အလှူငွေ ကျပ်ငါးသောင်းနှင့် ဂျာနယ်၊ စာစောင်များ ပေးအပ် လှူဒါန်းခဲ့ပြီး နံနက် ၁၁ နာရီခွဲ တွင် ပြီးဆုံးခဲ့သည်။

မွန်းတည့် ၁၂နာရီတွင် သမိန်ဒွတ်ကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာရှိ ရပ်မိရပ်ဖ ၄ဝ ဦးနှင့် ရေနွေးကြမ်းစကားဝိုင်း ပြုလုပ်ခဲ့ပြီး မွန်းလွဲ ၁ နာရီအချိန်တွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။ ခင်နီနီအောင်