မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လစဉ်ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်းနှင့် ရပ်/ကျေးပါတီဥက္ကဋ္ဌများ တွေ့ဆုံ

 

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် မြို့နယ်/ အရန်ပါတီကော်မတီဝင် များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌများနှင့် တွေ့ဆုံ၍လစဉ်ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီတွင် မြို့နယ်ပါတီ ရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးနေဝင်းဇော်နှင့် မြို့နယ်/ အရန်ပါတီ ကော်မတီဝင် များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများက ပြည်ခိုင်ဖြိုးပါတီအလံသစ်ကို လွှင့် ထူခဲ့ပြီး မြို့နယ်ပါတီကော်မတီ ဝင်ဦးကျော်ဝင်းက မြို့နယ်ပါတီ ဘဏ္ဍာရေးမှူး ဒေါ်ယဉ်မြတ်သူအား မကျီးကုန်းအုပ်စုမှ ပါတီဝင် အဆိုပြုလွှာ ၁၆၆ စောင် ပေးအပ် ခြင်းနှင့် မြို့နယ်ပါတီကော်မတီဝင် ဦးအုန်းသိန်းက မြို့နယ်ပါတီကော် မတီဝင် ဦးအောင်မျိုးဦးအား သဲ ဘို့အုပ်စုမှ ပါတီဝင်အဆိုပြုလွှာ ၉၈စောင်တို့ကိုပေးအပ်ခဲ့ကြသည်။
ထို့နောက် မြို့နယ်ပါတီ အတွင်းရေးမှူး ဦးနေဝင်းဇော်က အမှာစကား ပြောကြားရာတွင် မြို့နယ်ပါတီအနေဖြင့် တစ်လတာ လှုပ်ရှား ဆောင်ရွက်မှုများကို ဖတ်ကြားတင်ပြခဲ့ပြီး ပါတီ၏ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ် ငန်းစဉ်များနှင့် ကျန်ရှိသည့် ကျေး ရွာအုပ်စုများမှလည်း ပါတီဝင် အဆိုပြုလွှာများ ရရှိနိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ထည့်သွင်းပြော ကြားခဲ့သည်။ ဆက်လက်ပြီး မြို့ နယ်ပါတီဘဏ္ဍာရေးမှူး ဒေါ်ယဉ် မြတ်သူက ပါတီဝင်အမျိုးသမီး များအား စနစ်တကျဖွဲ့စည်းထားရှိ မှုနှင့် ရငွေ/သုံးငွေစာရင်းများကို ရှင်းလင်းတင်ပြခြင်း၊မြို့နယ်ပါတီ ကော်မတီဝင်လူငယ်ရေးရာတာဝန်ခံ ဦးအောင်မျိုးဦးက အမာခံပါတီဝင် လူငယ်များတိုက်နယ်အလိုက်စာရင်း စိစစ်ထားရှိကြောင်းနှင့်လူငယ်များ ပါတီတွင် ပိုမိုဝင်ရောက်လာနိုင် ရေးဝိုင်းဝန်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက် လာကြသောရပ်/ကျေးပါတီဥက္ကဋ္ဌ များက မိမိတို့၏နယ်မြေအခြေ အနေများနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြရာ မြို့နယ် ပါတီအတွင်းရေးမှူး၊ ဘဏ္ဍာရေး မှူးနှင့် တာဝန်ရှိသူများက ပြန် လည် ဆွေးနွေးဖြေကြားခဲ့ကြ သည်။မွန်းလွဲပိုင်းတွင် မြို့နယ်ပါတီ အတွင်းရေးမှူး ဦးနေဝင်းဇော်က မြို့နယ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံကာပါတီ၏ရှေ့ဆက်ဆောင် ရွက်ရမည့်လုပ်ငန်းစဉ်များနှင့်ဆောင် ရွက်ရမည့်ကိစ္စရပ်များအားအကျယ် တဝင့်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ မြို့နယ်/ အရန် ပါတီကော်မတီဝင်များ၊ ရပ်/ကျေး ပါတီဥက္ကဋ္ဌများ စုစုပေါင်း ၆ဝ တက်ရောက်ခဲ့ကြပြီးအစည်းအဝေး ကို ညနေ၄နာရီတွင် အောင်မြင်စွာ ပြီးစီးခဲ့ကြောင်း သိရသည်။