ဇေယျာသီရိ မြို့နယ်​ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ တက်ရောက်အားပေး

 

ဇေယျာသီရိမြို့နယ် ​ရွှေ​ပေးရွာ ၊စက်​ကုန်းရွာ၊ အင်းသာရွာတို့တွင်​ ယနေ့ ဇွန်လ ၃ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် ကျင်းပပြုလုပ်သည့် မိုးရာသီသစ်​ပင်​စိုက်​ပျိုးပွဲသို့ ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးဝေလွင် တက်ရောက်အားပေးကာ ကျွန်ပျိုးပင်အား စိုက်ပျိုးပေးခဲ့ပြီး ပါတီဝင် လူငယ်များအား ရင်းနှီးခင်မင်စွာ လိုက်လံနှတ်ဆက်ပြီး အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

ထို မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအား ဇေယျာသီရိမြို့နယ် လူငယ်လှုပ်ရှားမှုအဖြစ် ဆောင်ရွက်ခြင်းဖြစ်ပြီး ကျွန်းပျိုးပင် ၁၀၀၀ ကို စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။

အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့
ဇေယျာသီရိ မြို့နယ်​ ရှိ ​ရွှေ​ပေးရွာ ၊စက်​ကုန်းရွာ၊ အင်းသာရွာတို့မှ ကျေးရွာသူကျေးရွာသားများ၊ ပြည်ထောင်စုနယ်မြေ ပါတီလူငယ်များ စုစုပေါင်း ၃၀၀ ဦးတက်ရောက်ကြသည်။

#ဇာနည်အောင်