ရုရှားကို ရှုံးပြီးနောက် စပိန်နည်းပြ ဟီယာရိုနှင့် ပီကေး အများဆုံးဝေဖန်ခံရ

အိမ်ရှင်ရုရှားကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးပြီး ၂၀၁၈ ကမ္ဘာ့ဖလားကို နှုတ်ဆက်ခဲ့ရပြီးနောက် စပိန်နည်းပြ ဟီယာရိုနှင့် နောက်ခံလူပီကေးတို့ကို ရီးရဲလ်ပရိသတ်များက အဓိကဝေဖန်နေကြသည်။

ရီးရဲလ်က ခေါ်ယူခဲ့သည့် စပိန်နည်းပြဟောင်း လိုပါတီဂူကို ထုတ်ပယ်ခဲ့သည့် စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ လူးဝစ်ရူဘီယာလက်စ်လည်း ဝေဖန်ခံနေရကာ ဂိုးသမားဒီဂီယာ၏ စွမ်းဆောင်ရည် အပေါ် မေးခွန်းထုတ်နေသည်။

မိမိတို့ ယခုတစ်ကြိမ်ကျရှုံးခဲ့သော်လည်း လုံးဝလက်မလျှော့ဘဲ နောက်တစ်ကြိမ် အောင်မြင်အောင်ကြိုးပမ်းမည်ဟု မန်ယူ ဂိုးသမားဒီဂီယာက ပြောသည်။

စပိန်မီဒီယာများက လက်ရွေးစင်အသင်း ကျရှုံးမှုကို အမျိုးမျိုးပြစ်တင်ဝေဖန်နေကြစဉ် ဘာစီလိုနာ နောက်ခံလူ ပီကေးသည် ရီးရဲလ်ပရိသတ်များ၏ အဓိက ဝေဖန်ခံရသူဖြစ်နေသည်။ သဘောထား အလယ်အလတ်ရှိသော ရီးရဲလ်ပရိသတ်များက ဥက္ကဋ္ဌရူဘီကလက်စ်ကို ဝေဖန်ကြသည်။ လိုပါတီဂူကို ထုတ်ပယ်ရန် ရူဘီယာလက်စ်က ဆုံးဖြတ်ခဲ့ခြင်းသည် စပိန်အသင်းကျရှုံးရခြင်း၏ အဓိက အကြောင်းရင်းဖြစ်ကြောင်း ပရိသတ်များက ဝေဖန်နေသည်။        

 —Ref:DailyMail