ဂျူဗင်တပ်သို့ ပေါင် ၃၆ သန်းဖြင့် ပြောင်းရွှေ့ရန် ရမ်ဆေးသဘောတူညီ

အာဆင်နယ်မှ ဝေးလ်စ် ကွင်းလယ်လူအာရွမ်ရမ်ဆေးက စီးရီးအေချန်ပီယံဂျူဗင်တပ်သို့ ပေါင် ၃၆ သန်းဖြင့် ငါးနှစ်စာချုပ် ချုပ်ဆိုရန် သဘောတူညီခဲ့သည်။

ယခုရာသီကုန်ချိန်တွင် ဂျူဗင်တပ်သို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ပြောင်းလာမည့် ရမ်ဆေးသည် တစ်ပတ်လုပ်ခ ပေါင် ၁၄၀,၀၀၀ (တစ်နှစ်ပေါင် ၇ ဒသမ ၂ သန်း) ရရှိမည်ဖြစ်သည်။

ရမ်ဆေး (၂၈) နှစ်သည်အာ ဆင်နယ်တွင် ၁၀ နှစ်ကြာ ကစား ပြီးနောက်     သက်တမ်းတိုးရန် ဆွေးနွေးမှုမအောင်မြင်ဖြစ်ခဲ့ကာ ဂျူဗင်တပ်သို့ ထွက်ခွာရန် ဆုံး ဖြတ်ခဲ့သည်။

ရမ်ဆေးကို ဂျူဗင်တပ်က ရော်နယ်ဒိုနောက် ဒုတိယလစာအများဆုံးပေးမည်ဖြစ်သည်။ ၎င်း၏ လစာသည် ဒိုင်ဘာလာ နှင့် ဒေါက်ဂလပ်စ်ကော်စတာတို့၏ လစာ ထက်ပိုများသည်ဟု အီတလီသတင်းများက ဖော်ပြသည်။ စီးရီးအေဖလားခုနစ်လုံး ရထားသော ဂျူဗင်တပ်သည် စီးရီးအေ ၁၉ ပွဲအပြီး ဒုတိယနေရာရှိ  နာပိုလီကို ကိုးမှတ်ဖြတ် ဦးဆောင်နေသည်။

ရီးရဲလ်မှရော်နယ်ဒိုကို ယူရို သန်း ၁၀၀ ဖြင့်   အားဖြည့်ထားသည့် ဂျူဗင်တပ်က ယခုရာသီတွင် ချန်ပီယံလိဂ် ဖလားရရေး မျှော်မှန်းထားပြီး (၁၆) သင်းအဆင့်တွင် အက်သလက်တီကိုနှင့် ရင်ဆိုင်ရန်ရှိနေသည်။

ရမ်ဆေး၏ စွမ်းဆောင်မှုကို ဂျူဗင်တပ်နည်းပြ အယ်လီဂရီနှင့် ညွှန်ကြားရေးမှူး ဖာဘီယိုပါရာတီစီတို့က များစွာ ကျေနပ် အားရနေသည်။ ရမ်ဆေးသည် ကာဒစ်မှ အာဆင်နယ်သို့ ပေါင် ၄ ဒသမ ၈ သန်းဖြင့် ပြောင်းလာပြီး ၂၅၂ ပွဲ ကစား ကာ ၅၂ ဂိုးသွင်းယူခဲ့သည်။

—Ref:SkySports