ပင်နယ်တီတွေပလူပျံခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလား

လက်ရှိကျင်းပနေတဲ့ ကမ္ဘာ့ဖလားမှာအငြင်းပွားဖွယ်ရာ VAR စနစ်ကိုအသုံးပြုမှုနဲ့အတူ ပင်နယ်တီပေးမှုကလည်း စံချိန်တင်ခဲ့ပြီး မနေ့ညကပွဲတွေပြီးတဲ့အထိ စုစုပေါင်း ၂၄ ကြိမ်ရှိနေပြီလို့ သိရပါတယ်။

အငြင်းပွားဖွယ်ရာ ဖြစ်ရပ်တွေကို VAR ဒိုင်အဖွဲ့က ကွင်းလယ်ဒိုင်ဆီအချက်ပေးခဲ့မှုနဲ့အတူ VAR ကြည့်ပြီးဆုံးဖြတ်ချက် ယူရပေမယ့်အချို့သော ဆုံးဖြတ်ချက်တွေက ပြန်ပြီးစောဒက တက်စရာဖြစ်ခဲ့တာပါ။ အဆိုးဆုံးကတော့ ပြိုင်ပွဲ ၃ ရက်မြောက် နေ့မှာဖြစ်ပြီး အုပ်စု ၄ ပွဲမှာပင်နယ်တီပေးမှု ၅ ကြိမ်တောင်ရှိခဲ့တာပါ။

ဒီပင်နယ်တီ ၂၄ ကြိမ်မှာ ၁၈ ကြိမ်က ဂိုးဝင်ခဲ့ပြီး ၆ ကြိမ်လွဲချော်ခဲ့ပါတယ်။ VAR ကိုအသုံးချရတဲ့အခြေအနေတွေကတော့ ဂိုးဝင်မ၀င်၊ ပင်နယ်တီဟုတ်မဟုတ်၊ အနီကတ်ဟုတ်မဟုတ်နဲ့ မှားယွင်း ဆုံးဖြတ်မှု အစရှိတဲ့ အဓိကကျတဲ့အချက်တွေမှာသာ အသုံးပြုဖို့ သတ်မှတ်ထားတာဖြစ်ပါတယ်။

-Ref; Sky sports